|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
|
- Description: ကမ္ဘာ့နန်းသက်အရှည်ဆုံး ဘုရင်၊ အနောက်တိုင်း၌ ကြီးပြင်းလာခဲ့ရသော်လည်း ထိုင်းပြည်သူများက သက်ရှိထင်ရှား ဗုဒ္ဓတစ်ပါးသဖွယ် ကိုးကွယ်ခြင်းခံရသူ၊ ငယ်စဉ်က နိုင်ငံရေးနှင့် မပတ်သက်ခဲ့သော်လည်း ကြီးပြင်းလာသောအခါ နိုင်ငံရေးနယ်သို့ နက်ရှိုင်းစွာ ဝင်လာပြီး တန်ခိုးအာဏာကြီးထွားလျက်ရှိသူ၊ ထိုင်းဘုရင်ဖြစ်လာချိန်က ထိုင်းဘုရင်၏ အုပ်ချုပ်ရေးမှာ အာဏာနှင့် ဂုဏ်သိက္ခာ ခွာချခြင်း ခံခဲ့ရသော်လည်း ဆယ်စုနှစ်များတွင် ထူးကဲအရေးပါသော နိုင်ငံရေးသရုပ်ဆောင်ဖြစ်လာသူ၊ ပြည်သူတို့၏ ကိုယ်စိတ်နှလုံးကို ပိုင်စိုးခြင်းဖြင့် ဝေဖန်သူများ၏ အသံကို တိတ်စေခဲ့သူ၊ စည်းကမ်းသေဝပ်မှု, သွက်လက်ချက်ချာမှု, ပွဲလမ်းသဘင် အခမ်းအနားဖြင့် မပြတ်နေထိုင်တတ်မှုတို့ကြောင့် ဂုဏ်ကျက်သရေရှိသော ကဏ္ဍကို ရယူခဲ့သူ၊ ဘုရင်ရှေ့တွင် ဝပ်စင်းရန် အမိန့်ထုတ်ခဲ့သော ဥပဒေကို ထိုင်းနိုင်ငံတွင် ဖျက်သိမ်းပြီး ဖြစ်သော်လည်း အင်အားကြီးသော ဗိုလ်ချုပ်များ၊ ဘဏ်လုပ်ငန်းရှင်များ၊ အစိုးရခေါင်းဆောင်များကိုယ်တိုင် သူ့ရှေ့ရောက်သောအခါ ဝပ်စင်းခဲ့ရသူ၊ တည်ငြိမ်အေးချမ်းမှုနှင့် တင်းမာသည့် မျက်နှာအမူအရာများကို တစ်ပြိုင်နက်တွေ့ရှိနိုင်သူ၊ ဘုရင်အုပ်ချုပ်မှု၊ ခေတ်ပေါ်ဒီမိုကရေစီ အဖွဲ့အစည်းများ ပါလီမန် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံစည်းမျဉ်းများနှင့် ဥပဒေစည်းမျဉ်းများအပေါ် ကျော်လွန်၍ အထူးအာဏာရှိသည့်နေရာသို့ ဖြည်းဖြည်းနှင့် မှန်မှန် ရယူခဲ့သူ စသည့် စသည့် စိတ်ဝင်စားဖွယ် အကြောင်းအရာများနှင့် ပြည့်နှက်နေသည့် ထိုင်းဘုရင် သီလဝ ဘူမိဘောအဒူယာဒက်အကြောင်းကို ဤစာအုပ်တွင် အသေးစိတ် ဖတ်ရှုလေ့လာကြရမည် ဖြစ်သည်။ သူ၏ငယ်စဉ်ဘဝနှင့် ပုဂ္ဂိုလ်ရေးတိုးတက်မှု၊ ကျွမ်းကျင်သော နိုင်ငံရေး လုပ်ကိုင်ဆောင်ရွက်မှုနှင့် ထိုင်းနိုင်ငံကို ဗုဒ္ဓဘာသာဘုရင်နိုင်ငံအဖြစ် ပုံသွင်းရန် ကြိုးပမ်းမှု၊ သူ၏ ဘဝ, အတွေးအခေါ်နှင့် အုပ်ချုပ်ရေးဆိုင်ရာ ဒဿနများကိုပါ ပေါ်လွင်အောင် ရေးသားမှတ်တမ်းတင်ထားနိုင်သည်ကို တွေ့ရသည်။ ထိုင်းနိုင်ငံတွင် ၁၃ နှစ်အပါအဝင် အာရှတွင် နိုင်ငံခြားသတင်းထောက်အဖြစ် နှစ် ၂ဝ ကျော် နေထိုင်လုပ်ကိုင်ခဲ့သော ပေါ်လ်အမ်ဟန်ဒလီ ရေးသားသည့် The King Never Smiles (A Biography of Thailand's Bhumibol Adulyadej) စာအုပ်ကို ဘာသာပြန်ဆိုထားခြင်း ဖြစ်သည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|