|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
|
- Description: မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးစအချိန်က ဗမာ့တပ်မတော် မြောက်ပိုင်းတိုင်းနှင့် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်တို့တွင် ထောက်ပံ့နှင့် ပို့ဆောင်ရေးမှူး၊ ဗဟိုထောက်ပံ့ရေးတပ်တွင် တပ်မှူးတာဝန်များကို ထမ်းဆောင်ခဲ့ပြီး အင်ဖာတိုက်ပွဲဖြင့် သူရဲကောင်းမှတ်တမ်းဝင်အဖြစ်လည်းကောင်း၊ ၁၉၅၂ ခုနှစ်တွင် ဇေယျကျော်ထင်ဘွဲ့ကိုလည်းကောင်း ရရှိခဲ့သူ စာရေးသူက သူ၏ စစ်အတွေ့အကြုံများကို ဤစာအုပ်တွင် အသေးစိတ် မှတ်တမ်းတင်ထားသည်။ ရောင်စုံသူပုန်များ ထကြွသောင်းကျန်းချိန်ဖြစ်သောအချိန်က မိတ္ထီလာ၊ မေမြို့၊ မန္တလေး၊ လားရှိုး အစရှိသည့်မြီု့များ ရန်သူလက် ကျဆုံးခဲ့ရပုံများနှင့် ၎င်းတို့ကို ခက်ခက်ခဲခဲ မည်သို့ပြန်လည်သိမ်းပိုက် ရယူခဲ့သည်များကို ထိုကာလ မြန်မာနိုင်ငံ၏ စစ်ရေး၊ နိုင်ငံရေးအခြေအနေများနှင့်အတူ အသေးစိတ် မှတ်တမ်းတင်ရေးသားထားသည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|