|
Myanmar Books
Publishers
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
|
- Description: မြန်မာနိုင်ငံ၏ ပထမဆုံး အင်္ဂလိပ်မြန်မာဆေးအဘိဓာန်ဖြစ်သည်။ ဆေးဝေါဟာရများကို အေမှ ဇက်ထိ အက္ခရာလိုက်စီကာ မြန်မာဘာသာဖြင့် အဓိပ္ပာယ်ဖွင့်ဆိုထားပြီး လိုအပ်သည့်နေရာများတွင် ပုံများထည့်သွင်းထားသည်။ ဤအဘိဓာန်ပြုစုသူသည် ဆေးတက္ကသိုလ်၏ စာကြည့်တိုက်မှူးဖြစ်သည့် အားလျော်စွာ ဆေးဝေါဟာရများကို ကျမ်းအစောင်စောင်မှ မွှေနှောက်ရှာဖွေထုတ်နုတ်ထားပြီး အဓိပ္ပာယ်ဖွင့်ဆိုရာတွင် တိတိကျကျရှိလှသည်။ ဖွင့်ဆိုသော စကားအသုံးအနှုံးများမှာလည်း ရိုးရိုးရှင်းရှင်းဖြစ်၍ လူတိုင်းနားလည်နိုင်သည်ကို တွေ့ရှိရသည်။ ဤစာအုပ်သည် ယခင်ထုတ်ဝေခဲ့ဖူးသည့် စာအုပ်ကို အသစ်ပြန်လည် ပြင်ဆင်ရေးသားထားခြင်းဖြစ်ပြီး စကားလုံးများကိုလည်း ထပ်မံတိုးချဲ့ထည့်သွင်းထားခြင်းဖြစ်သည်။ ဆေးဝေါဟာရပေါင်း တစ်သိန်းကျော်ခန့်ပါဝင်ပြီး အက္ခရာစဉ်ပုံအပါအဝင် အဘိဓာန်ကြီးများပုံစံနည်းတူဖြစ်အောင်လည်း ပြုစုထားသည်။ ဆရာဝန်၊ ဆေးကျောင်းသား၊ ဆေးပစ္စည်းရောင်းသူများ အပါအဝင် ဆေးပညာနှင့် ဆက်စပ်လျက်ရှိသူတိုင်း လက်စွဲထားသင့်သော ရည်ညွှန်းကျမ်းကြီးတစ်စောင်ဖြစ်သည်။
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|