Request Searching
Myanmar Book Shopတွင် အခြားမည်သည့် မြန်မာစာအုပ်ရောင်းသည့် Web siteမှ
မပေးနိုင်သော Free Searching Serviceကို ရရှိနိုင်ပါပြီ။ ၀င်ရောက်ကြည့်ရှုသူများ မိမိသိလိုသော/
ဖတ်လိုသော အကြောင်းအရာကို ပေးပို့ပါက ၄င်းနှင့် ကိုက်ညီသည့် စာအုပ်များကို ရွေးချယ်၍
Emailနှင့် အကြောင်းပြန်ပေးမည်ဖြစ်ပါသည်။ ရှာဖွေပေးမှုအတွက် ၀န်ဆောင်ခ ပေးရန်မလိုပါ။
ထိုကဲ့သို့ အကြောင်းပြန်ရာတွင် လက်ခံရရှိသော မေးခွန်းအရေအတွက်နှင့် ရှာဖွေရသည့်
အချိန်ပေါ်မူတည်၍ ရက်အနည်းငယ် ကြာကောင်း ကြာနိုင်ပါသည်။ သို့သော်လည်း အမြန်ဆုံးအကြောင်းပြန်နိုင်အောင်
စီစဉ်ဆောင်ရွက်ပေးမည် ဖြစ်ပါသည်။
ဝင်ရောက်ကြည့်ရှုသူများအနေဖြင့် မိမိသိလိုသော အကြောင်းအရာကို ကိုယ်တိုင်ရှာဖွေ၍
မတွေ့မှသာ ဤနေရာ မှတစ်ဆင့် ပေးပို့ရန်ဖြစ်ပါသည်။
မေးမြန်းရာတွင် သိချင်သောအကြောင်းအရာကို အင်္ဂလိပ်ဘာသာနှင့် ဖြစ်စေ၊ မြန်မာဘာသာနှင့် ဖြစ်စေ
အဆင်ပြေသည့်နည်းဖြင့် ပေးပို့နိုင်ကြပါသည်။
အကြောင်းပြန်ရန်အတွက် Emailလိပ်စာကို မှန်ကန်အောင် ထည့်သွင်းရန် လိုအပ်ပါသည်။
ထိုEmailကို အခြားမည်သည့် ကိစ္စတွင်မှ အသုံးမပြုပါဟု အာမခံချက်ပေးပါသည်။
ဝင်ရောက်ကြည့်ရှုခြင်းကို ကျေးဇူးအထူးတင်ရှိပါသည်။