|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
|
- Description: မြတ်စွာဘုရား ရခိုင်ပြည် ဓညဝတီသို့ ကြွတော်မူစဉ်က ရင်ငွေ့တော်ပေးခဲ့သော မဟာမုနိရုပ်ရှင်တော်မြတ်ကြီး၏ သမိုင်းကြောင်းကို အသေးစိတ်သုတေသနပြုထားသော စာအုပ်ဖြစ်သည်။ မြတ်စွာဘုရား ရခိုင်ပြည်သို့ ကြွစဉ် ဗျာဒိတ်ပေးခန်း၊ အမြိုက်တရား တိုက်ကျွေးပုံ၊ မဟာမုနိသွန်းလုပ်ခြင်း၊ မဟာမုနိ ကိန်းဝပ်တော်မူသော သိမ်တော်ကျောင်းကြီး၏ အံ့ဖွယ် ၉ ပါး၊ ဘိုးတော်ဘုရား ဗဒုံမင်းလက်ထက် မဟာမုနိရုပ်ရှင်တော်ကို ပင့်ဆောင်ခြင်း၊ ဓညဝတီမြို့သို့ စစ်ချီခန်းနှင့် မြို့သိမ်းခန်း၊ မဟာမုနိဘုရားကို ပင့်ဆောင်ခဲ့သော ခရီးစဉ်၊ ဘိုးတော်ဘုရားကိုယ်တိုင် ကြိုဆိုပုံ၊ သာယာဝတီမင်း မင်းတုန်းမင်းအပါအဝင် မင်းအဆက်ဆက်မှ ကုသိုလ်တော်များ ပြုခဲ့ကြပုံ၊ ထီးတော်တင်လှူခြင်း၊ ရသေ့ကြီးဦးခန္တီအလှူ၊ မဟာမုနိရုပ်ရှင်တော်ကြီး၏ အံ့ဖွယ်ရှစ်ပါး၊ ခေတ်အဆက်ဆက် ဂေါပကအဖွဲ့များ၊ နောက်ပိုင်းခေတ် ဘက်စုံတည်ဆောက်မွမ်းမံပြင်ဆင်မှုလုပ်ငန်းများ ပြုလုပ်ခဲ့ကြပုံများအပါအဝင် မဟာမုနိနှင့် ပက်သက်သည့် အကြောင်းအရာ သမိုင်းကြောင်းများကို တစ်စုတစ်စည်းတည်းဖြစ်အောင် ရှာဖွေရေးသားထားသည်ကို တွေ့ရသည်။ မဟာမုနိမရောက်လျှင် မန္တလေးသို့ ရောက်သည်မမည်ဟု တင်စားကြသော မဟာမုနိရုပ်ရှင်တော်သမိုင်းကြောင်းကို ကြည်ညိုဖွယ် ဖတ်ရှုကြရမည်ဖြစ်သည်။ စာရေးသူသည် ဤစာအုပ်ဖြင့် ၁၉၉၇ ခုနှစ်အတွက် အမျိုးသားစာပေဆု (မြန်မာ့ယဉ်ကျေးမှုနှင့် အနုပညာ) ကို ရရှိခဲ့သည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|