|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
|
- Description: ကုန်ဘောင်ခေတ် အလယ်ပိုင်းတွင် မောင်းထောင်သာသနာပိုင်ဆရာတော် ပေါ်ပေါက်လာရာ ဆရာတော်သည် ပါဠိဘာသာ၊ သက္ကဋ၊ ဟိန္ဒီ၊ ဗင်္ဂါလီအစရှိသည့် ဘာသာစကားများ ကျွမ်းကျင်ခြင်း၊ လောကီ လောကုတ်နှစ်ဖြာ သုတ ပြည့်စုံခြင်းတို့ကြောင့် မြန်မာနိုင်ငံ ပိဋကတ်သမိုင်းတွင် အထူးထင်ပေါ်ကျော်ကြားသည်။ ယခုစာအုပ်သည် မြန်မာမိလိန္ဒမင်းဟု ခေါ်ကြသော ဘိုးတော်ဘုရား၏ အမေးတော်များနှင့် ဆရာတော်၏ အဖြေများကို စုပေါင်းထားရာ ကျမ်းကြီးဖြစ်သည်။ အကြောင်းအရာများမှာ ပိဋကတ်ဆိုင်ရာများလည်း ပါဝင်သကဲ့သို့ ဗေဒင်၊ ယဉ်ကျေးမှုကဲ့သို့ လောကီဆိုင်ရာ ပြဿနာများလည်း ပါဝင်ကြသည်။ ရွှေဆင်ရုပ် လှူသင့် / မလှူသင့်၊ မိဖုရားကြီး အဘိသိက်ခံသင့် / မခံသင့်၊ ရာဇပလ္လင် ထီးဖြူတော်လုပ်နည်း၊ ရွှေကျောင်းတော်ကို သံဃာ ပုဂ္ဂိုလ် အပ် / မအပ်၊ ပုရောဟိတ် မြှောက်ထိုက်သူ၊ ဆီမီးမြင်းမိုရ်နှင့် မဟာပိန္နဲပွဲ၊ ဥပဇ္စာယ်ဆရာ၊ နိသျည်းဆရာ၊ ဓာတ်တော်ဝေပုံ၊ သံဂါယနာတင်ပုံ၊ ဗေဒင်အရေးအကြောင်း၊ ရက်ငင်သင့် / မငင်သင့်၊ ၁၂ လ ၁၃ လပြု၍ ဝါကပ်သင့် / မသင့်၊ ဆေးကျမ်းဆိုင်ရာများ အစရှိသည့် ပြဿနာ ၂ဝဝ ကျော်ကို ဘိုးတော်ဘုရား စိတ်ကျေနပ်လောက်အောင် အထောက်အထားများ တိတိကျကျဖြင့် ဖြေကြားထားသည်။ မေးသူက ပတ်နပ်စွာဖြင့် မေးထားသလို ဖြေသူကလည်း နှံ့စပ်လှစွာဖြင့် ပြုစုထားသည့် ကျမ်းကြီးဖြစ်သည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|