|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
- စီးပွားဖျက်သူလျှို၏ ဖြောင့်ချက်
-
-
Author(s):
နေဇင်လတ်
- Type: Myanmar Books
-
Category:
နိုင်ငံရေး
- No of Pages: 372
- Binding: Paperback
- Publication Month Year: Jun-2025
- Size: 14 cm x 21 cm
|
- Description: မူရင်းစာရေးဆရာ John Perkins ၏ “Confession of an Economic Hit Man” ကို ဘာသာပြန်ထားသော စာအုပ်ဖြစ်သည်။ အမေရိကန်တွင် ရောင်းအားအကောင်းဆုံး (Best Seller) စာရင်းဝင်စာအုပ်ဖြစ်ပြီး ဘာသာ(၁၇)မျိုးဖြင့် ပြန်ဆိုထားသည်။ စီးပွားဖျက်သူလျှို (EHM-Economic Hit Man) များသည် ငွေကြေးအဆမတန်ရသည့် ကြေးစားများဖြစ်၍၊ တစ်ကမ္ဘာလုံးအနှံ့ နိုင်ငံများမှ ဒေါ်လာကုဋေပေါင်းများစွာကို လိမ်ညာလှည့်ဖြားခဲ့သူများဖြစ်သည်။ သူတို့သည် ကမ္ဘာ့ခေါင်းဆောင်များကို အမေရိကန် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက်ထဲ ဝင်လာအောင် အားပေးပြီး နောက်ဆုံးတွင် အကြွေးထောင်ချောက်ထဲသို့ ကျဆင်းစေလျက် စစ်ရေး နိုင်ငံရေးများတွင် လိုသလို အသုံးချခဲ့ကြသည်။ မူရင်းစာရေးသူက ဤစာအုပ်သည် အီကွေဒါသမ္မတ Jaime Roldos နှင့် ပနားမားသမ္မတ Omar Torrijos တို့ကို ရည်ရွယ်၍ ရေးသားထားခြင်းဖြစ်ကြောင်းဖော်ပြထားသည်။ ကမ္ဘာ့အဓိကဖြစ်ရပ်ကြီးများဖြစ်သည့် ၁၉၈၉ တွင် အမေရိကန်များ၏ ပနားမားကျူးကျော်မှု၊ ပထမအကြိမ် ပင်လယ်ကွေ့စစ်ပွဲ၊ ဆိုမားလီးယားကိစ္စ၊ အိုစမာဘင်လာဒင် စသည့် ကိစ္စရပ်များမှ မဟာအခွင့်အရေးများနှင့် အတိတ်မှ အမှားများကို ဤစာအုပ်က ဖော်ညွှန်းထားသည်။ မဟာဗျူဟာအကြောင်း လေ့လာချင်သူများ၊ နိုင်ငံတကာအဆင့် ရည်မှန်းချက်ထားကြသည့် လုပ်ငန်းရှင်ကြီးများ၊ နိုင်ငံခေါင်းဆောင်လုပ်ကြမည့် မျိုးဆက်သစ်များ ဖတ်ရှုသင့်သော စာအုပ်ဖြစ်သည်။ ဤစာအုပ်တွင် ကမ္ဘာ့အင်အားကြီးနိုင်ငံများ၏ ကမ္ဘာလုံးဆိုင်ရာ မဟာဗျူဟာများနှင့်တကွ ထိုမဟာဗျူဟာများကို မည်သို့မည်ပုံ အကောင်အထည်ဖော်သွားသည် များကို ရေးသားထားသည်။ စာရေးသူသည် ဤစာအုပ်ဖြင့် သုတစွယ်စုံ ဘာသာပြန်စာပေဆုကို ဆွတ်ခူးနိုင်ခဲ့သည်။
|
|
|
|
|
|
|
|
|