|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Top 10 Most Visited of This Week
Book Details
|
- မန္တလေး ရတနာပုံ မဟာရာဇဝင်တော်ကြီး
-
-
Author(s):
ကန္နီမြို့ စစ်ကဲမင်းထင်ရာဇာ
- Type: Myanmar Books
-
Category:
သမိုင်း
- No of Pages: 280
- Binding: Paperback
- Publication Month Year: Apr-2009
- Size: 13 cm x 21 cm
|
- Description: မြန်မာနိုင်ငံကို အင်္ဂလိပ်တို့ သိမ်းပိုက်ပြီး ၆ လ ခန့်အကြာ ကန္နီစစ်ကဲမင်းထင်ရာဇာရေးသားခဲ့သည့် သမိုင်းစာအုပ်ဖြစ်သည်။ အင်္ဂလိပ်တို့သည် မြန်မာနိုင်ငံမှ အမိန့်တော်၊ ကျောက်စာ၊ နေ့စဉ်အမှတ်အသားစာတမ်းများကို ရွေ့ပြောင်းယူဆောင်သွားသည်ကို တွေ့မြင်နေရသဖြင့် နှောင်းလူများ မြန်မာ့သမိုင်းကို ဘာမှမသိလိုက်မှာစိုးသဖြင့် ဤကျမ်းကို ရေးသားခဲ့ရခြင်းဖြစ်သည်ဟု ဆိုသည်။ ရှေးမြန်မာမင်းအဆက်ဆက် လိုက်နာကျင့်သုံးခဲ့ကြသည့် ဘုရင်၊ မိဖုရား၊ အိမ်ရှေ့စံ၊ မှူးမတ် မင်းချင်း မင်းခစား တို့၏ ကျင့်ဆောင်ရန် ဝတ္တရားများအကြောင်းအပြင် မင်းတုန်းမင်း၊ သီပေါမင်းခေတ်မှ သမိုင်းဝင် အဖြစ်အပျက်များကို အကျဉ်းချုံး မှတ်တမ်းတင်ရေးသားထားသည်ကို တွေ့ရသည်။ ထို့ပြင် သားတော်မက္ခရာမင်းသားနှင့် ပင်းမင်းသမီးတို့ လက်ထပ်မင်္ဂလာပြုခြင်း၊ ဒင်္ဂါးစက်ရုံ ထူထောင်ခြင်း၊ စကျင်တောင်မှ ပတ္တမြားကျောက်တော်ကို တူးဖော်တွေ့ရှိခြင်း၊ ပိဋကတ်သုံးပုံ ကျောက်ထက်အက္ခရာ တင်ခြင်းအပါအဝင် ဖြစ်ရပ်တစ်ခုခြင်းစီကိုလည်း မှတ်တမ်းတင်ဖော်ပြထားသည်။ ဆရာကြီးဒေါက်တာသန်းထွန်းက ဤစာအုပ်သည် မြန်မာတွေရဲ့ နိုင်ငံရေးအတွေးအခေါ်ကို ပဒေသရာဇ်ခေတ်၏ နောက်ဆုံးပိုင်း ၁၉ ရာစုကာလအတွက် အကောင်းဆုံးသရုပ်ဖော်သည့်စာအုပ်ဟု ညွှန်းဆိုထားသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|