|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Top 10 Most Visited of This Week
Book Details
|
|
- Description: အရိုးပွ အရိုးပါးရောဂါသည် ကလေးသူငယ်ဘဝကတည်းက အစပျိုးပြီး အသက်ကြီးမှ လက္ခဏာပြသည့် ရောဂါဖြစ်သည်။ အရိုးပွ အရိုးပါးရောဂါသည် အမျိုးသားများထက် အမျိုးသမီးများတွင် အဖြစ်များသည်ကို တွေ့ရသည်။ အသက်ကြီးမှ ရောဂါလက္ခဏာ ပေါ်တတ်သည့် အရိုးပွ အရိုးပါးရောဂါကို ကာကွယ်နိုင်ဖို့အတွက် ကလေးဘဝကတည်းက ကျန်းမာရေးနှင့် ညီညွတ်သည့် အစားအသောက် အနေအထိုင် အပြုအမူများ လိုက်နာကျင့်သုံးဖို့ လိုအပ်လှသည်။ ၎င်းရောဂါနှင့် ပတ်သက်၍ အသေးစိတ် ရေးသားရှင်းလင်းထားသည့် ဤစာအုပ်တွင် အော်စတီယိုပိုရိုးဆစ်စ်၏ အဓိပ္ပာယ်နှင့် ပြဿနာ အတိုင်းအဆ၊ အရိုးတစ်ရှူးများ၏ ဖြစ်တည်ပျက် သဘာဝ၊ အရိုးပွ အရိုးပါး ရောဂါအမျိုးအစားနှင့် ဖြစ်ပွားပုံ၊ ၎င်းနှင့် ဆက်နွယ်နေသော အကြောင်းရင်းများ၊ အရိုးပွ အရိုးပါးရောဂါ ကာကွယ်ရေးနှင့် ကုသရေး၊ ထုံးဓာတ်နှင့် အရိုး၊ အရိုးအတွက် အရေးကြီးသည့် ဗီတာမင် ဒီ၊ ပရိုတင်းနှင့် အခြား အဟာရဓာတ်များ၊ အရိုးပွ အရိုးပါးရောဂါ ရှိ မရှိ စစ်ဆေးစမ်းသပ်ခြင်း၊ ရောဂါကာကွယ်ရေးနှင့် ပတ်သက်ပြီး အဓိကလိုအပ်သည့်ထုံးဓာတ်၊ ဗီတာမင်ဒီ၊ ပရိုတင်း၊ ကယ်လိုရီ၊ ကိုယ်လက်လှုပ်ရှားမှုနှင့် ဆေးဝါးများ၊ အရိုးပွ အရိုးပါးရောဂါနှင့် ပတ်သက်သည့် သုတေသန တွေ့ရှိချက် အချို့များကို အသေးစိတ် ဖတ်ရှုရမည်ဖြစ်သည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|