|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
|
- Description: ခေတ်သစ်ရုရှား၏ ပြတ်သားသော ခေါင်းဆောင်တစ်ဦးဟု ထင်ရှားသော ဗလာဒီမီယာ ပူတင်အကြောင်း စာအုပ်ဖြစ်သည်။ ဆိုဗီယက်ခေတ်လွန်ကာလ ရုရှားပြည်ထောင်စု သမိုင်းတွင် သမ္မတသက်တမ်း (၂) ကြိမ်နှင့် ယခု ဝန်ကြီးချုပ်တာဝန်ကိုပါ ထမ်းဆောင်နေသည့် လူထုထောက်ခံမှု အရှိဆုံး ခေါင်းဆောင် ဗလာဒီမီယာပူတင်သည် ဘယ်လိုလူမျိုးလဲ၊ ဘယ်ဇာတိလဲ၊ သူ့မျိုးရိုးက ဘာလဲ၊ အရည်အချင်း ဘယ်လောက်ရှိလဲ၊ သူ့တိုင်းပြည်၏ နိုင်ငံရေး စီးပွားရေး စစ်ရေး တည်ငြိမ်တိုးတက်အောင် ဘယ်လို စွမ်းဆောင်ခဲ့သလဲ စသည့်မေးခွန်းများကို ယခုစာအုပ်မှ ဖြေကြားပေးမည်ဖြစ်သည်။ သူ၏ အကြောင်းအပြင် အဏုမြူရေငုပ်သင်္ဘော ကတ်စ် နစ်မြုပ်သည့် အရေးအခင်း၊ မော်စကို ကဇာတ်ရုံ စီးနင်းခံရသည့် အရေးအခင်း၊ ဘက်စလန်ကျောင်းကို ချေချင်သူပုန်များက သိမ်းပိုက် ဓားစာခံလုပ်သည့် အရေးအခင်းများတွင် သူ၏ ပြတ်သားစွာ ကိုင်တွယ်ခဲ့မှုများကို အသေးစိတ် မှတ်တမ်းတင် ရေးသားထားသည်။ ထို့ပြင် ခေတ်သစ်ရုရှားနိုင်ငံအကြောင်းနှင့်တကွ ၁၂ နှစ်ကျော် ကာလအတွင်း ထိပ်ဆုံးသို့ ရောက်လာသော ရုရှား၏ အခြေအနေကိုလည်း ရေးသားဖော်ပြထားသည်။ မူရင်းစာရေးသူသည် ဤစာအုပ်ရေးသားရန်အတွက် ဆိုဗီယက် ယူနီယံမှ ပုဂ္ဂိုလ်များ၊ နေတိုးမှ လုံခြုံရေးအရာရှိများနှင့် တွေ့ဆုံခဲ့ရုံသာမက ဥရောပ ယူနီယံမှ အချက်အလက်များ၊ နိုင်ငံတကာ ဆက်ဆံရေး ဌာနမှ အထောက်အထားများ၊ ကမ္ဘာ့စီးပွားရေး အခြေအနေနှင့် လူ့အခွင့်အရေး မှတ်တမ်းများကိုပါ လေ့လာပြီးမှ ရေးသားခဲ့သည်ဟု ဆိုသည်။ ယခုရိုက်နှိပ်သည့်အကြိမ်သည် ဒုတိယအကြိမ် ဖြည့်စွက်ရိုက်နှိပ်ခြင်းဖြစ်ပြီး ၂ဝ၁၅ နှစ်ကုန်အထိ ပူတင်နှင့် ရုရှားနိုင်ငံရေးဖြစ်စဉ်အကြောင်းအရာများကို ထည့်သွင်းဖော်ပြထားသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|