|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Top 10 Best Sellings of This Week
Book Details
|
|
- Description: ဗေဒင်ဆရာ စာရေးဆရာဟု ကျော်ကြားသော ဆရာကြီးမင်းသိင်္ခနှင့် စာနယ်ဇင်းသမား မြတ်ခိုင်တို့၏ အင်တာဗျူးများကို စုစည်းထုတ်ဝေထားခြင်းဖြစ်သည်။ လူတစ်ယောက် မွေးနေ့ကျင်းပရခြင်းအပေါ် မင်းသိင်္ခ၏ အမြင်၊ ထီနှင့် ဗေဒင်အပေါ် ဆရာကြီး၏ အမြင်၊ လူတစ်ယောက် သေမည့်ရက်ကို ယတြာချေပြီး တားလို့ ရ မရ၊ တားရော့ဗေဒင်နှင့် ဆရာ့ကိုယ်တွေ့၊ မင်းသိင်္ခဆိုသည့် နာမည်ရလာအောင် ပေးဆပ်ခဲ့ရသည့် အရင်းအနှီး၊ ဗေဒင် ကိန်းခန်းအရ ဆရာကြီး၏ သေရက်၊ ဆရာကြီးနာမည်ကြီးဗေဒင်ဆရာတစ်ယောက် ဖြစ်ရန်အတွက် လိုအပ်သည့် အရည်အချင်း၊ မင်းသိင်္ခနှင့် ၂၅ ဂဏန်း၊ အလုပ်ပြောင်းရွှေ့ချင်တာကို ဂမ္ဘီရနည်းနှင့် လုပ်၍ ရသလားအစရှိသည့် ဗေဒင်ပညာဆိုင်ရာ အင်တာဗျူးများအပြင် မင်းသိင်္ခ နာမည် ဘယ်လိုပြုစု ပျိုးထောင်ခဲ့ပုံ၊ မင်းသိင်္ခသည် စာရေးဆရာလား၊ ဗေဒင်ဆရာလား၊ နိုင်ငံရေးသမားလား၊ ဆရာကြီး ဝတ္ထုရေးရာတွင် အချက်အလက် အကိုးအကား အထောက်အထား ရှာဖွေပေးသူများ ရှိမရှိ၊ အဖေက ပန်းချီဆရာဖြစ်သော်လည်း ပန်းချီလိုင်းမရောက်ပဲ ဗေဒင်လိုင်းရောက်လာရပုံ၊ ဆရာမင်းသိင်္ခသေရင် အယူတော်မင်္ဂလာခြံကြီးကို ဘာလုပ်ခဲ့မလဲ၊ မင်းသိင်္ခနှင့် ဆားပုလင်းနှင်းမောင်ဇာတ်ကောင် အရှိန်အဝါ၊ ဆရာကြီး၏ အိမ်ထောင်ရေး၊ စာရေးဆရာလိုင်းမှ ဗေဒင်ဆရာလိုင်းသို့ ဘာကြောင့် ကူးပြောင်းခဲ့ပုံ အစရှိသည့် ဆရာကြီး၏ ဘဝအတွေ့အကြုံများကိုပါ မြတ်ခိုင်က နှိုက်နှိုက်ချွတ်ချွတ် မေးမြန်းထားသည်ကို တွေ့ရသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|