|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
- ဂျပန် ဘာကြောင့်အောင်မြင်ခဲ့သလဲ
-
-
Author(s):
မောင်ထွန်းသူ
- Type: Myanmar Books
-
Category:
သမိုင်း
- No of Pages: 237
- Binding: Paperback
- Publication Month Year: Jun-2025
- Size: 14 cm x 21 cm
|
- Description: Prof: Micho Morishimaရေးသားသည့် Why has Japan Succeeded?ကို ဘာသာပြန်ဆိုထားခြင်းဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ အယူအဆများသည် ထိုနိုင်ငံ၏သမိုင်းဖြစ်စဉ်များတစ်လျှောက် ပေါ်ပေါက်တည်ရှိလာခဲ့သည့် ယုံကြည်မှု၊ အယူအဆနှင့် သဘောတရားများအပေါ် တည်မှီနေလျက်ရှိသည်။ ထို့ကြောင့်လည်း ဤစာအုပ်တွင် ဂျပန်၏ ယနေ့အောင်မြင်နေမှုတစ်ခုတည်းကို ကွက်မကြည့်ဘဲ သမိုင်းကြောင်းနှင့်တကွ ခြုံငုံသုတေသနပြုထားသည်ကို တွေ့ရသည်။ စာအုပ်တွင် ရှေးခေတ် ဘုရင်စနစ် ဂျပန်နိုင်ငံမှ ယနေ့အချိန်အထိ နှစ်ပေါင်း ၁၂ဝ အတွင်း စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်လာခဲ့ပုံ၊ တရုတ်၊ ရုရှား၊ အနောက်တိုင်းအပါအဝင် အခြားနိုင်ငံများနှင့် ဆက်ဆံရေး၊ ဘာသာရေး၊ ဂျပန်လူမျိုးတို့၏ ရိုးရာဓလေ့ထုံးစံနှင့် ယဉ်ကျေးမှု၊ လူမှုရေးအခြေအနေ၊ ဂျပန်လူမျိုးတို့၏ စိတ်နေစိတ်ထားနှင့် အကျင့်စရိုက်အစရှိသည်ဖြင့် ဂျပန်တို့၏ စီးပွားရေး ဖွံ့ဖြိုးလာမှု သမိုင်းကြောင်းကို ဂျပန်နိုင်ငံ၏ သမိုင်းကြောင်းနှင့် ယှဉ်ကာ လေ့လာနိုင်ကြမည်ဖြစ်သည်။ မူရင်းစာရေးသူသည် ဤစာအုပ်ပါ အချက်အလက်များကို ကိန်းဘရစ်ချ်တက္ကသိုလ်တွင် ဦးစွာဟောပြောခဲ့ပြီးမှ ဤစာအုပ်ကို အချောသတ် ရေးသားထုတ်ဝေခဲ့ခြင်းဖြစ်သည်။
|
|
|
|
|
|
|
|
|