|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Top 10 Best Sellings of This Week
Book Details
|
- သခင်များနှင့် အမျိုးသားလွတ်လပ်ရေး ကြိုးပမ်းမှုကြီး (၁၉၃၀ - ၁၉၄၈)
-
-
Author(s):
တက္ကသိုလ်စိန်တင်
- Type: Myanmar Books
-
Category:
အတ္ထုပ္ပတ္တိ / ကိုယ်တွေ့မှတ်တမ်း
- No of Pages: 473
- Binding: Paperback
- Publication Month Year: Oct-2009
- Size: 13 cm x 21 cm
|
- Description: တို့ဗမာအစည်းအရုံးကြီး၏ ရှေ့တန်းခေါင်းဆောင်ကြီးများဖြစ်သည့် သခင်ကြီးတို့ မြန်မာ့လွတ်လပ်ရေးအတွက် လှုပ်ရှားခဲ့ပုံများကို နှောင်းခေတ်လူများ သိရှိနိုင်စေရန် “တို့ဗမာအစည်းအရုံးသမိုင်း ပြုစုရေးကော်မတီ”ကို သခင်မြတ်ဆိုင်၊ သခင်ဖေသန်း၊ သခင်တင်မောင်(ကျုံမငေး)၊ သခင်သိန်းဖေ (ဝါးခယ်မ)၊ သခင်ဗဟန်၊ သခင်ခင်ဇော်၊ သခင်ချစ်မောင် (ဝိဓူရ)၊ သခင်ထွန်းခင်၊ သခင်လှကျွေတို့ပါဝင်ဖွဲ့စည်းခဲ့ကြသည်။ ထိုအဖွဲ့၏ တာဝန်ပေးချက်ဖြင့် စာရေးသူသည် ထိုအဖွဲ့နှင့်တကွ သခင်စံလှိုင်(ဗိုလ်မှူးအောင်)၊ သခင်ချစ် (ဒေးဒရဲ)အပါအဝင် တို့ဗမာအဖွဲ့အစည်းဝင်ဟောင်းများနှင့် ကိုယ်တိုင်တွေ့ဆုံကာ ဤစာအုပ်ကို ပြုစုရေးသားထားခြင်းဖြစ်သည်။ စာအုပ်တွင် တို့ဗမာအစည်းအရုံး နာယကကြီးများဖြစ်ကြသည့် သခင်ကိုယ်တော်မှိုင်း၊ လယ်တီပဏ္ဍိတ ဦးမောင်ကြီး၊ သခင်စိုးသိမ်း၊ ဥက္ကဋ္ဌများဖြစ်ကြသည့် သခင်ဘသောင်း၊ သခင်ဗစိန်၊ သခင်လေးမောင်၊ သခင်သိမ်းမောင်ကြီး (မီးတုတ်)၊ သခင်ထွန်းအုပ်၊ သခင်မြ၊ အထွေထွေအတွင်းရေးမှူးဖြစ်ခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်းတို့ တို့ဗမာအစည်းအရုံးအောက်တွင် လွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့ပုံများကို အသေးစိတ်မှတ်တမ်းတင်ထားသည်။ ထိုပုဂ္ဂိုလ်များ လက်ဝါးကြီးအုပ် နယ်ချဲ့စနစ်ကို ခါးခါးသီသီး မုန်းတီးခဲ့ကြပုံများ၊ လွတ်လပ်ရေးအတွက် မိမိကိုယ်မိမိ ပြည်သူတို့၏ ဘုံကျွန်ဟု ခံယူခဲ့ကြပုံများ၊ ကိုယ်ကျိုးစွန့် အနစ်နာခံခဲ့ကြပုံများ၊ နိုင်ငံရေး အမြော်အမြင်ကြီးစွာ လုပ်ဆောင်ခဲ့ကြပုံများ၊ တိုင်းပြည်အတွက်ဆိုလျှင် သဘောထားကြီးခဲ့ကြပုံများ၊ နိုင်ငံရေး အရည်အသွေးများ ပြည့်စုံစေရန် အမြဲတမ်း ဆည်းပူးလေ့လာခဲ့ကြပုံများ၊ ရဲရင့်ပြတ်သားစွာ ပြောဆိုလုပ်ရဲသည့် သတ္တိရှိခဲ့ကြပုံများ၊ နိုင်ငံရေးအခက်အခဲများကို စုပေါင်းရင်ဆိုင်၍ အေးအတူ ပူအမျှ ခွဲဝေခံစားခဲ့ကြပုံများကို အသေးစိတ် မှတ်တမ်းတင်ထားသည်ကို တွေ့ရသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|