|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
|
- Description: သာသနာတော် နှစ်တစ်ထောင်ခန့်အကြာတွင် အိန္ဒိယပြည်၌ သာသနာကွယ်ပျောက်ခဲ့ရာ ထိုသို့ ကွယ်ပျောက်ခဲ့ရခြင်းသည် ဗုဒ္ဓ၏ တပည့်သား ရဟန်းတော်မျာသည် ဗုဒ္ဓ၏ စံနမူနာကို မလိုက်နာကြဘဲ ကိုယ်ကျိုးဖက်ခဲ့သည့်အပြင် သာသနာပြုလုပ်ငန်းများကို ကိုယ်စီ ကိုယ်ငှ စနစ်တကျ ကျယ်ကျယ်ပြန့်ပြန့် မလုပ်ဆောင်ခဲ့၍ ဖြစ်သည်ဟု စာရေးသူ ဆရာကြီးဦးမြင့်ဆွေက ဆိုထားသည်။ ယခုစာအုပ်တွင် အိန္ဒိယပြည်၌ ဗုဒ္ဓမပေါ်ထွန်းမီ ဘာသာရေးအခြေအနေ၊ ပထမမှ တတိယတိ သင်္ဂါယနာတင်ခြင်းအကြောင်း၊ အသောကခေတ်နောက် ဗုဒ္ဓသာသနာအခြေအနေ၊ သာသနာပြုစေလွှတ်ရာ ကိုးတိုင်းကိုးဌာနအကြောင်း၊ အိန္ဒိယနိုင်ငံအတွင်းရှိ တိုင်းကြီး ၁၆ တိုင်းအကြောင်း၊ အဘိဓာန်ကျမ်းလာ အိန္ဒိယ တိုင်း ၂၁ တိုင်း၊ ထေရဝါဒသာသနာ အိန္ဒိယ၌ ဆုတ်ယုတ်ပျက်စီးခြင်း၊ သုင်္ဂမင်းများခေတ်၊ ကနိရှကမင်းများ လက်ထက်၊ ဂုပ္တမင်းများအကြောင်း၊ ဗင်္ဂလားပြည်မင်းများ၊ ဟိန္ဒူဝါဒီတို့က ဗုဒ္ဓဝါဒီတို့ကို နှိမ်နင်းခြင်း၊ အိန္ဒိယပြည်နှင့် မူဆလင်၊ မူဆလင်တို့ ဖျက်ဆီးသည့် နေရာများ၊ နာလန္ဒတက္ကသိုလ်ကျောင်းတော်ကြီးအကြောင်း၊ ဗုဒ္ဓဂယာမြို့၊ မဟန့်ဂီရိနှင့် ဗုဒ္ဓဂယာအကြောင်း အစရှိသည်ဖြင့် အိန္ဒိယနိုင်ငံ၏ ဗုဒ္ဓသာသနာသမိုင်းကြောင်းဖြစ်စဉ်များကို အထောက်အထား ခိုင်လုံစွာဖြင့် သုတေသနပြု ရေးသားထားသည်။ ဤစာအုပ်သည် မန္တလေး-ရန်ကုန် ဗုဒ္ဓတက္ကသိုလ်၏ ပြဋ္ဌာန်းကျမ်းစာ တစ်စောင်ဖြစ်သည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|