|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
|
- Description: လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းတိုင် ပါရမီဖြည့်ခဲ့သော ဂေါတမမြတ်စွာဘုရား၏ နောက်ဆုံး ဆယ်ဘဝ(သို့) နောက်ဆုံးဆယ်ဇာတ်သည် ဘုရားအဖြစ်နှင့် အလွန်နီးကပ်ခြင်း၊ အခြားဘဝတို့ထက် ပိုမိုမြင့်မြတ်ခြင်း၊ ပါရမီပိုမို ရင့်ကျက်ခြင်းဟူသော ထူးခြားချက်များ ရှိကြပြီး တေ၊ ဇ၊ သု၊ နေ၊ မ၊ ဘူ၊ စံ၊ နာ၊ ဝိ၊ ဝေဟူ၍ အက္ခရာသင်္ကေတဖြင့် မှတ်သားခဲ့ကြသည်။ ထို့ပြင် ဘုရားလောင်း ပါရမီဖြည့်ရာ နောက်ဆုံး ဆယ်ဘဝသည် ခေတ်လူသားများအတွက် အတုယူဖွယ်၊ ကြည်ညိုဖွယ်၊ သင်ခန်းစာယူဖွယ်များ ပြည့်နှက်နေသော ဇာတ်တော်များဖြစ်ကြသည်ကို တွေ့ရှိရမည်ဖြစ်သည်။ ယခုစာအုပ်တွင် ဇာတ်ကြီးဆယ်ဘွဲ့ပါ မဟာဇနကဇာတ်ကို ကလေးများ အလွယ်တကူနားလည်နိုင်အောင်၊ စိတ်ဝင်စားလာအောင် မောင်ဒီ၏ အထူးလက်ရာမြောက်သော ပန်းချီသရုပ်ဖော်လက်ရာများနှင့်အတူ မြဝင်း(ဒဿန)၏ စကားပြေစာသားတို့ဖြင့် တွဲဖက်ရိုက်နှိပ်ထားသည်။ ပန်းချီလက်ရာများကို ရောင်စုံပုံများဖြင့် သပ်သပ်ရပ်ရပ် ရိုက်နှိပ်ထားသလို စကားပြေများကိုလည်း ကလေးငယ်များ အလွယ်တကူ နားလည်နိုင်စေရန် ပါဠိမဖက်ဘဲ စကားပြေသက်သက်ဖြင့် တိုရှင်း လိုရင်းရေးသားထားသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|