|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
|
- Description: Family Healthဂျာနယ်ပါ စာရေးသူ၏ အခန်းဆက် ကျန်းမာရေးဆောင်းပါးများကို စုစည်းထားခြင်းဖြစ်သည်။ အအေးရုပ်ဆိုတာ ဘာလဲ၊ အအေးရုပ်ဖြစ်ရခြင်း အကြောင်းရင်း၊ ကျန်းမာရေး ထိခိုက်စေသည့် ပိန်နည်း၊ စိတ်ဖိစီးမှု၊ မနက်စောစောစာ အရေးကြီးပုံ၊ ရာသီလွဲအစားအစာများ မစားသင့်ပုံ၊ သွေးဆုံးချိန်နှင့် အဟာရ၊ ရာသီအပြောင်းအလဲနှင့် အဝတ်အစားအကြောင်းအပါအဝင် ကျန်းမာရေးဆောင်းပါးများကို အခန်း ၁ နှင့် ၂ တွင် ဦးစွာ ဖတ်ရှုကြရမည်ဖြစ်သည်။ ထို့နောက် တရုတ်တိုင်းရင်းဆေးပညာတွင် အရောင် ၅ မျိုးရှိပုံ၊ အနီရောင်သည် နှလုံး၊ အဖြူရောင်သည် အဆုတ်၊ အဝါရောင်က ဘေ၊ အစိမ်းရောင်က အသည်း၊ အနက်ရောင်က ကျောက်ကပ်နှင့် ဆီးအိမ်တို့အတွက် ဖြစ်ကြောင်း၊ ထိုအရောင်များအနက် အနက်ရောင် အစားအစာများအကြောင်းကို အခန်း ၃ တွင် အသေးစိတ် ရှင်းလင်းထားသည်။ အနက်ရောင် အစားအစာများ၏ ကျောက်ကပ်ကို အကျိုးပြုပုံများ၊ ကျောက်ကပ်၏ လုပ်ငန်းတာဝန်များ၊ ကျောက်ကပ်ကို စောင့်ရှောက်ပုံ၊ အနက်ရောင် အစားအစာများဖြစ်သည့် ကောက်ညှင်းငချိတ်၊ ဆန်လုံးတီး၊ ပဲနက်၊ နှမ်းနက်၊ ပန်းဂျုံ၊ ကျောက်ပွင့်၊ ကြာစွယ်၊ ပင်လယ်ကျောက်ကဝတ်၊ စပျစ်သီးခြောက်၊ ကင်းမွန်တို့အကြောင်းနှင့် သူတို့ကို ကျန်းမာရေးအထောက်အကူရအောင် စနစ်တကျ ချက်ပြုတ်နည်းများအပါအဝင် အနက်ရောင် အစားအစာအကြောင်း သိကောင်းစရာများကို ပြည့်ပြည့်စုံစုံ တင်ပြထားသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|