|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
- အောင်မြင်ပျော်ရွှင်စွာ နေထိုင်ပါ
-
-
Author(s):
အောင်ဝင်း (စိတ်ပညာ)
- Type: Myanmar Books
-
Category:
လူမှုရေးနှင့် စိတ်ပညာ
- No of Pages: 280
- Binding: Paperback
- Publication Month Year: Jun-2025
- Size: 14 cm x 21 cm
|
- Description: Dr. Norman Vincent Peale၏ Stay Alive All Your Lifeကို ဘာသာပြန်ဆိုထားခြင်းဖြစ်သည်။ လူ့ဝတ္တရားများ နေ့စဉ်ဆောင်ရွက်ကြရာတွင် သံသယများ၊ တုံ့ဆိုင်း တွန့်ဆုတ်မှုများ၊ ကြောက်ရွံခြင်းများ၊ စိတ်ပူပန်မှုများ၊ စိတ်ဓာတ်ကျဆင်းမှုများသည် အောင်မြင်ရေးလမ်းကြောင်းပေါ်တွင် ဝင်ရောက်တားဆီးနေသော အရာများဖြစ်ကြောင်းနှင့် ထိုအဟန့်အတားများကို မည်သို့မည်ပုံ နိုင်နင်းအောင် သေနင်္ဂဗျူဟာဆင်ရမည့်အကြောင်းကို ဤစာအုပ်တွင် အသေးစိတ်ဖော်ပြထားသည်။ လူ့ဘဝတစ်လျှောက် မည်သို့မည်ပုံ ကျန်းမာရွှင်လန်းအောင်၊ ခွန်အားရှိအောင်၊ စိတ်အားထက်သန်မှုရှိအောင်၊ လုပ်ကိုင်ဆောင်ရွက်ရာတွင် ထိရောက် အောင်မြင်မှုရှိအောင် ပြုလုပ်ပုံများကို ပြည့်စုံစွာဖော်ပြထားပြီး လှုပ်ရှားလုပ်ကိုင်ရမည့် အကြောင်းများနှင့် အဖြစ်ဖက်တွေးမြင်စိတ်၏ တန်ခိုးပေါ်တွင် ယုံကြည်ခြင်းဖြင့် လူ့ဘဝမှ သင်အလိုရှိသော အောင်မြင်မှုကို ဆွဲထုတ်နိုင်ရန် ညွှန်ပြထားသည်။ တစ်နည်းအားဖြင့် ယုံကြည်မှုနှင့် ဇွဲလုံ့လရရှိလာအောင် ပြုလုပ်နည်းများ၊ လိုက်နာစရာနည်းလမ်းများကို တစ်အုပ်တည်းတွင် စုစုစည်းစည်း ဖော်ပြထားသော စာအုပ်ကောင်းတစ်အုပ်ဖြစ်သည်။
|
|
|
|
|
|
|
|
|