|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Top 10 Best Sellings of This Week
Book Details
|
- အဋ္ဌမမြောက် ကုလသမဂ္ဂ ထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်း
-
-
Author(s):
ဖြိုးသာရ
- Type: Myanmar Books
-
Category:
အတ္ထုပ္ပတ္တိ / ကိုယ်တွေ့မှတ်တမ်း
- No of Pages: 180
- Binding: Paperback
- Publication Month Year: Oct-2016
- Size: 12 cm x 19 cm
|
- Description: ကိုးရီးယားနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးဌာနတွင် ၃၆ နှစ်ကြာ တာဝန်ထမ်းဆောင်ရင်း ပင်ကိုယ် အရည်အချင်း ထက်မြက်ထူးချွန်မှုနှင့် နိုင်ငံတကာ ဆက်ဆံရေးနယ်ပယ်တွင် အတွေ့အကြုံများပြားမှုကြောင့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အဖြစ်ရွေးချယ်ခြင်းခံခဲ့ရသည့် ဘင်ကီမွန်း ဘဝအကြောင်းဖြစ်သည်။ စာအုပ်ကို အခန်း ၅ ခန်းခွဲကာ တင်ပြထားပြီး ၎င်းတို့မှာ အခန်း (၁) ဘင်ကီမွန်း၏ ကိုယ်ရေးရာဇဝင်၊ အခန်း (၂) ဘင်ကီမွန်း၏ ကိုယ်ရေးရာဇဝင်နှင့် ပတ်သက်သော ဆောင်းပါးများ၊ အခန်း (၃) ဘင်ကီမွန်း၏ လူမှုရေးနှင့် စီးပွားရေးဆိုင်ရာ မူဝါဒများ၊ အခန်း (၄) ကုလသမဂ္ဂအဖွဲ့ကြီး ပြန်လည်ပြုပြင် ပြောင်လဲတည်ဆောက်မှုနှင့် ဘင်ကီမွန်းနှင့် အခန်း (၅) ဘင်ကီမွန်းနှင့် နိုင်ငံတကာ အရေးအခင်းများတို့ဖြစ်ကြသည်။ နောက်ဆက်တွဲအနေဖြင့် ငြိမ်းချမ်းမှု ၂၁ ရာစု ကမ္ဘာကြီးအတွက် ခြေလှမ်းလှမ်းလာသည့် အာရှတိုက်သား၊ ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုအပေါ် အိုဘားမားအမြင်နှင့် ဘန်ကီမွန်း၏ ကျေနပ်မှု၊ ဂါဇာငြိမ်းချမ်းရေးနှင့် ဘန်ကီမွန်း၊ မြန်မာနိုင်ငံနှင့် ဘင်ကီမွန်း၊ ဘင်ကီမွန်းနှင့် အမေး ၁ဝခု တို့ကိုပါ ထည့်သွင်းဖော်ပြထားသည်။ သူ၏ ငယ်ဘဝ၊ ပညာရေး၊ အိမ်ထောင်ရေး ဘဝခရီးနှင့်အတူ သူကြုံတွေ့နေရသည့် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ ပြုပြင်ပြောင်းလဲရေး စိန်ခေါ်မှုများ၊ ပါလက်စတိုင်းဒေသ ပဋိပက္ခ၊ အီရတ် အရေးအခင်း၊ ဆိုမားလီးယား ပြည်တွင်းစစ်၊ ဆူဒန် ဒါဖာအရေးအပါအဝင် ကမ္ဘာ့နိုင်ငံများ၏ အရေးအခင်းများတွင် သူဦးဆောင်သည့် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့၏ ပါဝင်ပတ်သက်မှုနှင့် အောင်မြင်မှုများကို အသေးစိတ် သိရှိကြရမည်ဖြစ်သည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|