|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
|
- Description: ကိုလိုနီခေတ်က ဖြစ်ပွားခဲ့သည့် တောင်သူလယ်သမားတော်လှန်ရေးကို ဦးဆောင်ခဲ့သည့် ဂဠုန်ဆရာစံအကြောင်းကို ဝတ္ထုရှည်တစ်ပုဒ်အနေဖြင့် ဖတ်ရှုကြရမည်ဖြစ်သည်။ ထိုခေတ်က လယ်သမားတို့သည် ချစ်တီးတို့၏ အတိုးဒဏ်ပိနေသည့်ကြားမှ အစိုးရက လူခွန်ကိုပါ ထပ်မံပေးဆောင်ရန် အမိန့်ထုတ်ပြန်လိုက်သောအခါ ပေးစရာ ငွေမရှိသလို ပြေးစရာ မြေလည်းမရှိတော့၍ မခံမရပ်ကြတော့ဘဲ ဆရာစံ၏ ခေါင်းဆောင်မှုအောက်တွင် အစိုးရကို လက်နက်ကိုင်တော်လှန်ခဲ့ကြသည်။ ဗြိတိသျှတို့သည် ထိုအရေးအခင်းကို နှိပ်နှင်းရန်အတွက် ပြည်တွင်းရှိ တပ်များကို အသုံးပြုခဲ့သော်လည်း လုံလောက်မှုမရှိ၍ အိန္ဒိယမှ ကုလားတပ်များကိုပါခေါ်ပြီး နှိပ်ကွက်ခဲ့ကြသည်။ နောက်ဆုံးတွင် ဆရာစံတို့ ရှုံးနိမ့်ခဲ့ပြီး ဆရာစံသည် ကြိုးပေးသတ်ဖြတ်ခြင်းခံခဲ့ရသလို ကျန်တော်လှန်ရေးခေါင်းဆောင်များမှာလည်း ခေါင်းဖြတ်သတ်ဖြတ်ခြင်းခံခဲ့ရသည်။ ထို့ပြင် သူတို့၏ ဦးခေါင်းပြတ်များကို လူအများ ကြောက်လန့်စေရန် ရည်ရွယ်၍ ဗြိတိသျှတို့က အများလူပုံလယ်တွင် ပြသခြောက်လှန့်ခဲ့သည်။ ထိုဖြစ်ရပ်မှန်ဇာတ်လမ်းကို ဆရာဆင်ဖြူကျွန်အောင်သိန်းက သာယာဝတီ၊ သုံးဆယ်၊ ဘီလူးကျွန်း၊ ကမာစို အစရှိသည့် တော်လှန်ရေးပေါ်ပေါက်ရာ နေရာများသို့ ကိုယ်တိုင် ကွင်းဆင်းလေ့လာ၍ မှတ်တမ်းဆန်သော ဝတ္ထုတစ်ပုဒ်အနေဖြင့် ရေးသားလိုက်ခြင်းဖြစ်သည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|