|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Top 10 Best Sellings of This Week
Book Details
|
|
- Description: ဒကာ၊ ဒကာမများအပေါ် ရဟန်းတော်များထားသည့် မေတ္တာတရား၊ ကိုယ်ကျင့်တရားများနှင့် ဒကာ၊ ဒကာမများ လှူဒါန်းသည့် ဆွမ်းတစ်နပ် ကုသိုလ်တိုးပွားသည်များကို သိလိုသော ဆန္ဒမွန်ဖြင့် ဤစာအုပ်ကို ရေးသားရခြင်းဖြစ်သည်ဟုဆိုသည်။ ရဟန်းတို့မည်သည် မိမိတို့၏ အကျင့်ပေါ်မှာ မူတည်၍ အလှူရှင်များ အကျိုးတရား တိုးပွားဖို့ရန်အတွက် ကျင့်အားကို မြှင့်တင်ထားရသလို ထိုအကျင့်စွမ်းအား အအေးဓာတ်ဖြင့် လှူဒါန်းကြသည့် ဒကာ၊ ဒကာမများ ကောင်းကျိုးချမ်းသာ တိုးပွားသည်ထက် တိုးပွားအောင် မေတ္တာကွန်ရက် ဖြန့်ကျက်ပေးရမြဲဖြစ်သည်။ ဤစာအုပ်တွင် ရဟန်းတို့၏ သွားရာလမ်းနှင့် ကျင့်ရာစခန်းအကြောင်း၊ အလှူရှင်တို့၏ ဆွမ်းကို စားသုံးရာတွင် ဆင်ခြင်ရန်အချက်များ၊ ဆွမ်းတွင် အပြစ်ရှိဆွမ်းနှင့် အပြစ်မရှိဆွမ်းဟူ၍ ၂ မျိုးရှိပုံ၊ ရဟန်းတို့ သီလမစင်ကြယ်ဘဲ ဆွမ်းသုံးဆောင်မိလျှင် ကျရောက်မည့် အပြစ်များ၊ ဆွမ်းလှူရှင်များ၏ ရရှိရမည့် အကျိုး၊ ရဟန်းတော်များ အလှူခံရာတွင် သိထားရမည့်အချက်များ၊ ဆွမ်းအလှူရှင်များ ဆွမ်းကပ်ရာတွင် သတိနှင့် အသိပါသွားလျှင် ပါသွားသလောက် အကျိုးပေးကွာခြားသွားပုံအပါအဝင် ဆွမ်းတစ်နပ်နှင့် ပတ်သက်၍ ရဟန်းတော်များရော၊ အလှူရှင်များဘက်ကပါ သိမှတ်ထားရမည့် အချက်များကို ဇာတ်တော်များ ဝေဝေဆာဆာဖြင့် ရေးသားပြုစုထားသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|