|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
- မုန့်ဖုတ်သမားရဲ့ ဇာတ်လမ်းနှင့် အခြားဘာသာပြန်ဝတ္ထုတိုများ
-
-
Author(s):
ညီထက်အောင်
- Type: Myanmar Books
-
Category:
ဝတ္ထုတို
- No of Pages: 134
- Binding: Paperback
- Publication Month Year: Mar-2010
- Size: 13 cm x 20 cm
|
- Description: နိုင်ငံတကာ စာရေးဆရာစုံ၏ ရသစုံ ဝတ္ထုတို ၉ ပုဒ်ကို ဘာသာပြန်ဆိုထားခြင်းဖြစ်သည်။ နိုဗယ်ဆုရ စာရေးဆရာ နိုင်ပေါလ်၏ “မုန့်ဖုတ်သမားရဲ့ ဇာတ်လမ်း”တွင် ကာရေဘီယံပင်လယ်ရှိ ထရီနီဒက်ကျွန်းနိုင်ငံ၌ လာရောက်နေထိုင်ကြသော လူမျိုးအသီးသီး၏ စရိုက်ကို နောက်ခံထား၍ လူမွဲဘဝမှ မုန့်ဖုတ်ပြီး ချမ်းသာလာသော လူမည်းတစ်ယောက်အကြောင်းကို အလွမ်းအသောများဖြင့် လည်းကောင်း၊ လူရယ်လို့ ဖြစ်လာလျှင် အသက်ရှင် ရပ်တည်ရေးအတွက် အလုပ်တစ်ခု မဖြစ်မနေလုပ်ရမည် သို့မဟုတ်က ဘဝသည် အဓိပ္ပာယ်ကင်းမဲ့လှသည်ဆိုသည်ကို “အမည်မဲ့”ဝတ္ထုတွင်လည်းကောင်း၊ ကွေးသောလက် မဆန့်မီနှင့် ဆန့်သောလက် မကွေးမီ ရောက်လာတတ်သည့် သေခြင်းတရားနှင့် မမြဲခြင်းသဘောတို့ကို မထင်မှတ်ဘဲ ဆင်ခြင်ဉာဏ်ရသွားခဲ့ပုံများကို “အိမ်အပြန်”နှင့် “သံဝေဂ”ဝတ္ထုတိုများတွင်လည်းကောင်း၊ ဝတ္ထုတိုများ ရေးဖွဲ့ခြင်းကို တော်လှန်ဆန့်ကျင်သည့် မော်ဒန်ရေးဖွဲ့မှုများကို “ဆူးစူးသွားသူများ”နှင့် “စက္ကူဆေးလုံး”ဝတ္ထုတိုများတွင်လည်းကောင်း၊ ကရုဏာတရား(သို့) လူသားဆန်မှုနှင့် နောင်တ အငွေ့အသက်တို့ ဆင်ခြင်ဖွယ်ဖြစ်အောင် ရေးသားထားသည်များကို “ကျေးလက်တောဆရာဝန်”နှင့် “မျောဖောင်”ဝတ္ထုတိုများတွင်လည်းကောင်း၊ အမေရိကန်စာရေးဆရာ အိုဟင်နရီ၏ ဝတ္ထုများလို မထင်မှတ်ထားသော အလှည့်အပြောင်းများဖြင့် အဆုံးသတ်ထားသည့် “အင်မလီ မရှိခိုက်”ဝတ္ထုတိုကိုလည်းကောင်း ရသစုံလင်စွာ ဖတ်ရှုကြရမည်ဖြစ်သည်။ မူရင်းဝတ္ထုစာရေးဆရာနှင့် ဝတ္ထုတိုအမည်ကို စာမြည်းရန်တွင် ကြည့်ရှုနိုင်ပါသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|