|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
- တစ်ပွင့်ပန်လည်း လှပါတယ်
-
-
Author(s):
အရှင်ဆန္ဒာဓိက
- Type: Myanmar Books
-
Category:
ဘာသာရေး
- No of Pages: 125
- Binding: Paperback
- Publication Month Year: Mar-2010
- Size: 11 cm x 17 cm
|
- Description: မုံရွာ ဗောဓိတစ်ထောင်တွင် ဝန်ချီစက် မတော်တဆပြုတ်ကျမှုကြောင့် ခြေကျင်းဝတ်နှစ်ဖက် ကျိုးခဲ့သည့်အပြင် ခါးတွင်ပါ ဒဏ်ရာရရှိခဲ့၍ အချိန်အတော်ကြာ အနားယူ ဆေးကုသခံနေရသော ဆရာတော်သည် ထိုဆေးကုသခံ ကာလအတွင်း အချိန်ကို အကျိုးရှိစွာ အသုံးချသည့်အနေဖြင့် ယခင်ဟောကြားခဲ့ဖူးသည့် တရားတစ်ပုဒ်ကို ပြင်ဆင်ဖြည့်စွက်ကာ ယခုကဲ့သို့ စာအုပ်အဖြစ် ရေးသားထုတ်ဝေလိုက်ခြင်းဖြစ်သည်။ ဤတရားတော်မှာ ဗဟန်းမြို့နယ် ဗိုလ်ချို ၁ ရပ်ကွက် ဝါတွင်းသုံးလ တရားထိုင်အောင်ပွဲ၊ အဓိဋ္ဌာန်ပုတီးစိပ်အောင်ပွဲနှင့် ဆွမ်းလောင်းအောင်ပွဲအထိမ်းအမှတ်အဖြစ် ဆရာတော်က ဟောကြားခဲ့ခြင်းဖြစ်သည်။ ဆရာတော်တရားဟောတိုင်း တရားအသစ်ဟောမှာလား၊ အဟောင်းပြန်ဟောမှာလားဟု မေးမြန်းတတ်ကြရာ ထိုသူများအတွက် ဆရာတော်က တရားနာပရိသတ်များသည် တရားအဟောင်း အသစ်ရွေးသည်ထက် မိမိတို့၏ ရင်ထဲတွင် အကောင်းအနှစ်ဖွေးဖို့က ပိုအရေးကြီးပုံ၊ ထိုထက် တရားတစ်ပုဒ်နာရာတွင် ပိုင်ပိုင်နိုင်နိုင်နာမှ၊ ကိုယ်နာထားသည့် တရားထဲက လမ်းညွှန်ချက်အတိုင်း လက်တွေ့လိုက်နာကျင့်သုံးချင်သည့်စိတ်နှင့် နာမှ၊ အကျိုးရှိပုံ၊ (၎င်းကို သိစေလို၍ ဆရာတော်က တရားတစ်ပုဒ်ကို ပန်းပွင့်တစ်ပွင့်နှင့် နှိုင်းကာ“တစ်ပွင့်ပန်းလည်း လှပါတယ်”ဟု စာအုပ်အမည်ပေးထားခြင်းဖြစ်သည်။) အပါအဝင် တရားနာရာတွင် သိမှတ်နှလုံးသွင်းရမည့် အချက်များကို အကျယ်တဝင့် ဟောကြားထားသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|