|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
|
- Description: စစ်စစ်ပေါက်ပေါက် ရှာတတ် မေးတတ် ရေးသားတတ်သည်ဟု ကျော်ကြားသော အမေရိကန် သံအမတ်ကတော်တစ်ဦးဖြစ်သည့် June Binghan ရေးသားသည့် U Thant of Burmaကို ဆရာအထောက်တော်လှအောင်မှ ဘာသာပြန်ဆိုလိုက်ခြင်းဖြစ်သည်။ ဆရာအထောက်တော်လှအောင်က ဤစာအုပ်ကို ဘာသာပြန်ဆိုရခြင်းသည် ရည်ရွယ်ချက် ၃ ခုရှိသည်ဟုဆိုသည်။ ပထမမှာ ဂုဏ်ယူ၍ မဆုံးသော ကျွန်တော်တို့နိုင်ငံသား ဦးသန့်အား ပို၍ ပို၍ ဂုဏ်ပြုနိုင်ကြရေး၊ ဒုတိယမှာ ဦးသန့် ကျင်လည်ပတ်သက်ခဲ့ရသော စစ်ကြိုခေတ်၊ ဒုတိယကမ္ဘာစစ်ကြီးခေတ်၊ စစ်ပြီးခေတ်၊ လွတ်လပ်ရေးခေတ် စသည့် ခေတ်အဆက်ဆက်၏ မြန်မာ့နိုင်ငံရေးအပေါ် အမေရိကန် အမျိုးသမီး၏ အမြင်ကို ကျွန်တော်တို့ ပြည်သူများ လေ့လာနိုင်ရေးနှင့် တတိယမှာ ကမ္ဘာ့အလယ်မှာ တင့်တယ်စွာ လှုပ်ရှားသော တစ်ကမ္ဘာလုံးက ပိုင်ဆိုင်သည့် ယနေ့ဦးသန့်၏ ယနေ့ဘဝကို ပီပီပြင်ပြင် မြင်နိုင်ရေးတို့ဖြစ်သည်ဟု ဆိုသည်။ (ထိုအမှာစာကို ဦးသန့် မကွယ်လွန်ခင် ပထမအကြိမ် ရိုက်နှိပ်စဉ်က ရေးသားခဲ့ခြင်းဖြစ်သည်။ ထို့ပြင်ဘာသာပြန်သူက “ဤစာအုပ်သည် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဦးသန့်၏ အတ္ထုပ္ပတ္တိသက်သက်မျှသာမဟုတ်၊ ဗုဒ္ဓဘာသာနိဒါန်းလည်းဖြစ်သည်။ မြန်မာနိုင်ငံ သမိုင်းအဖွင့်လည်းဖြစ်သည်။ မြန်မာ့ယဉ်ကျေးမှုများကို သိဒ္ဓိတင်ခြင်းလည်းဖြစ်သည်။ မြန်မာတွေ လွတ်လပ်ရေး တိုက်ပွဲဝင်ခဲ့သော၊ ကြိုးပမ်းခဲ့သော၊ ရုန်းကန်လှုပ်ရှားခဲ့သော သမိုင်းဝင် မှတ်တမ်းကြီးလည်းဖြစ်သည်။ လတ်တလော ဖြစ်ပျက်နေသော ကမ္ဘာ့ပြဿနာများကို ဆန်းစစ်ချက်လည်းဖြစ်သည်။ ဦးသန့်ကို ကမ္ဘာက မြင်သောအမြင်များလည်းဖြစ်သည်”ဟု ဆိုထားသည်။ စာအုပ်တွင် ဦးသန့်၏ ဘဝဖြစ်စဉ်ကို ကမ္ဘာ့အရေးလှုပ်ရှားခဲ့မှုများသာမက သူ၏ မိသားစုအရေးများကိုပါ အသေးစိတ်သိရှိနိုင်အောင် ရေးသားထားသည်ကို တွေ့ရသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|