|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Top 10 Best Sellings of This Week
Book Details
|
- လေးဖက်နာရောဂါ သို့မဟုတ် အဆစ်ရောင်ကိုက်ရောဂါ (ကျန်းမာရေးစကားဝိုင်းနှင့် ဆေးဖော်စပ်နည်း)
-
-
Author(s):
မြေလတ်မောင်မြင့်သူ
- Type: Myanmar Books
-
Category:
ကျန်းမာရေးနှင့် ဆေးပညာ
- No of Pages: 62
- Binding: Paperback
- Publication Month Year: Jan-2015
- Size: 14 cm x 21 cm
|
- Description: အဆစ်အမြစ်ရောင်ကိုက် ရောဂါတစ်မျိုးဖြစ်သည့် လေးဖက်နာရောဂါအကြောင်းကို ဆေးတက္ကသိုလ် ၂ ဒုတိယပါမောက္ခချုပ်ဖြစ်သည့် ဒေါက်တာအောင်ကြီးနှင့် သုခချမ်းသာ မဂ္ဂဇင်း အယ်ဒီတာချုပ်ဟောင်းဖြစ်သူ တိုင်းရင်းဆေး သမားတော်ကြီး ဦးစည်သူတို့အား မြေလတ်မောင်မြင့်သူမှ တွေ့ဆုံမေးမြန်းထားခြင်းဖြစ်သည်။ လေးဖက်နာရောဂါအပေါ် အနောက်တိုင်းဆေးပညာရှင်များနှင့် တိုင်းရင်းဆေး သမားတော်များ၏ အမြင်၊ ဖြစ်ရခြင်း အကြောင်းရင်း၊ တွဲဖက်မစားသင့်သည့် အစာ၊ အာသီးရောင်ခြင်းနှင့် လေးဖက်နာ ဆက်စပ်ချက်၊ လေးဖက်နာနှင့် မှားယွင်းနိုင်သည့် အခြားရောဂါများ၊ ကုသရာတွင် အမြစ်ပြတ်အောင် ကြာမြင့်ချိန်၊ လေးဖက်နာနှင့် နှလုံး၊ လေးဖက်နာအတွက် ဝယ်သောက်တတ်သည့် ဆေးများတွင် ဆရာဝန်မညွှန်ဘဲ သောက်က အန္တရာယ်တွေ့နိုင်သည့် ဆေးဝါးများနှင့် အခြားဆောင်ရန် ရှောင်ရန်၊ တိုင်းရင်းဆေးကျမ်းလာ ဆေးဖော်စပ်နည်းတို့ကို ဆွေးနွေးထားကြသည်။ လေးဖက်နာရောဂါ သို့မဟုတ် အဆစ်ရောင်ကိုက်ရောဂါနှင့် ပတ်သက်၍ ခေတ်နှင့်အညီ အဆင့်ဆင့် တိုးတက်ထွန်းကာလာသော မြန်မာ့တိုင်းရင်းဆေးပညာ၏ သဘောအယူအဆနှင့် ခေတ်မီသိပ္ပံနည်းကျ အနောက်တိုင်းဆေးပညာတို့၏ အတွေးအမြင်များကို စကားဝိုင်းဆောင်းပါးအနေဖြင့် ဆွေးနွေးရှင်းလင်းထားကြသည်။ ရှင်းလင်းရာတွင် ပညာရှင်တို့အတွက်သာမဟုတ်ဘဲ သာမန်စာဖတ်တတ်ရုံအဆင့်ရှိသူများအတွက်ပါ ရှင်းလင်းထားသည့်အတွက် လူတိုင်းနားလည်သဘောပေါက်နိုင်ကြမည် ဖြစ်သည်။ ဤလေးဖက်နာ စကားဝိုင်းကို Health For Allမဂ္ဂဇင်းတွင် ဦးစွာ ဖော်ပြခဲ့ပြီးနောက် ယခုကဲ့သို့ စာအုပ်အဖြစ် ထုတ်ဝေလိုက်ခြင်းဖြစ်သည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|