|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
- လျှို့ဝှက်ချက်ကိုဖွင့်တဲ့ သော့
-
-
Author(s):
ညီညီနိုင်
- Type: Myanmar Books
-
Category:
လူမှုရေးနှင့် စိတ်ပညာ
- No of Pages: 172
- Binding: Paperback
- Publication Month Year: 2018
- Size: 13 cm x 19 cm
|
- Description: Jack Canfieldနှင့် D.D. Watkinsတို့ ပူးတွဲရေးသားသည့် Key to Living The Law Of Attractionကို ဘာသာပြန်ဆိုထားခြင်းဖြစ်သည်။ ထိုစာအုပ်မှာ “ညှို့အားနိယာမ”နှင့် ပတ်သက်၍ အစီအစဉ်တကျ အသေးစိတ် သုတေသနပြုထားသော စာအုပ်ဖြစ်ပြီး “ညှို့အားနိယာမ”နှင့် ပတ်သက်၍ လက်တွေ့ကျင့်ကြံအားထုတ်နည်းများကိုပါ ဖော်ပြထားသည်။ ထို့ပြင် စိတ်ထားဖြူစင်သန့်ရှင်းမှု ရည်မှန်းချက်နှင့် လက်တွေ့ဆောင်ရွက်မှုတို့၏ အရေးကြီးပုံများကို တင်ပြထားပြီး ဤစာအုပ်ပါ အတွေးဆွပေးမှုများက သင့်အိပ်မက်၊ ရည်မှန်းချက်ပန်းတိုင်နှင့် ဆန္ဒလိုအင်များ ပြည့်ဝစေရန် တစ်ဆင့်ပြီးတစ်ဆင့် ဖြည့်ဆည်းသွားမည်ဖြစ်ကြောင်း ဆိုထားသည်။ တစ်နည်းအားဖြင့် စိတ်စွမ်းအင်ကို ဘဝအောင်မြင်ရေး၌ အသုံးချနိုင်အောင် လမ်းညွှန်ထားသော စာအုပ်ဖြစ်သည်။ ပါဝင်သော အခန်းအမည်များမှာ ညှို့အားနိယာမ၊ သင် ဘာလဲ၊ သင် ဘယ်သူလဲ၊ တက်ကြွစိတ်လှုပ်ရှား ဇောစိတ်များ၊ အာရုံကို အပြုသဘော၌ စူးစိုက်ထားခြင်း၊ အလျှံပယ် ပေါကြွယ်ခြင်း၊ ရည်မှန်းချက်နှင့် ဆန္ဒပြင်းပြမှု၊ အိပ်မက်များကို ဖော်ထုတ်ခြင်း၊ ညှို့အားနိယာမကို အသက်သွင်းခြင်း၊ ခိုင်မာသော သန္နိဋ္ဌာန်ဖြင့် ပြောဆိုခြင်း၊ အာရုံခံ၍ ကြည့်မြင်ခြင်း၊ စိတ်နေသဘောထား၊ ဝတ်ပြုဆုတောင်းခြင်းနှင့် ကမ္မဋ္ဌာန်းထိုင်ခြင်း၊ လက်တွေ့ဆောင်ရွက်မှု၊ ယုံလိုက်စမ်းပါတို့ ဖြစ်ကြသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|