|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
- ဘုန်းတော်ကြီး ကောလ်ဘက်၏ ရတနာပုံ နန်းတွင်းရေးရာ ပေးစာများ
-
-
Author(s):
မောင်အေးသန့်
- Type: Myanmar Books
-
Category:
သမိုင်း
- No of Pages: 175
- Binding: Paperback
- Publication Month Year: May-2010
- Size: 13 cm x 20 cm
|
- Description: James Collbeck၏ Letters from Mandalayကို ဘာသာပြန်ဆိုထားခြင်းဖြစ်သည်။ မင်းတုန်းမင်းတရားကြီးသည် မန္တလေး ရွှေမြို့တော်တွင် ခရစ်ယာန်သာသနာပြုလုပ်ငန်းများဆောင်ရွက်ရန် အင်္ဂလိပ်တို့အား လမ်းဖွင့် ဖိတ်ခေါ်ခဲ့ရာ ဒေါက်တာမာ့ခ်(Dr.Mark) မြန်မာအခေါ် ဆရာမှတ်ကြီးသည် မန္တလေးသို့ စတင်ရောက်ရှိ သာသနာပြုခဲ့သည်။ သူ၏ သာသနာပြုကျောင်းသို့ သီပေါမင်းအပါအဝင် မင်းညီမင်းသားများကိုလည်း မင်းတုန်းမင်းက သွားရောက် ပညာဆည်းပူးစေခဲ့သည်။ ဆရာမှတ်ကြီး အသက်ကြီးရင့်လာသောအခါ အခြားသာသနာပြုဘုန်းတော်ကြီးများ ဆက်ခံ၍ ဆက်လက်သာသနာပြုခဲ့ရာ ယခုစာအုပ်ကို ရေးသားသူ ဘုန်းတော်ကြီး ဂျိမ်းကောလ်ဘက်(James Collbeck)သည်လည်း တစ်ပါးအပါအဝင် ဖြစ်ခဲ့သည်။ သူသည် မြန်မာနိုင်ငံတွင် ၁၅ နှစ်တာမျှ မြန်မာတို့အကြား နေထိုင်ခဲ့သူဖြစ်သဖြင့် မြန်မာဓလေ့ထုံးတမ်းများနှင့် မြန်မာစကားကို ပွမ်းတီးတတ်ကျွမ်းသူ တစ်ဦးဖြစ်ခဲ့သည့်အပြင် နန်းတွင်းပုဂ္ဂိုလ်များနှင့်လည်း ထိတွေ့ဆက်ဆံမှုများ ရှိခဲ့သည်။ ယခုစာအုပ်ပါစာများမှာ မြန်မာနိုင်ငံ သူ့ကျွန်ဘဝ မကျရောက်မီအချိန်နှင့် ကျရောက်ပြီးနောက်ပိုင်း မြန်မာ့နန်းတွင်းရေးရာများကို မှတ်တမ်းတင်ထားခြင်းဖြစ်ပြီး သူ၏စာများပါ ရတနာပုံ နန်းတွင်း အရေးအခင်းများမှာ မြန်မာစာနယ်ဇင်းများတွင် မပါဝင်သေးသော အကြောင်းအရာများနှင့် အချက်အလက်များ ပါဝင်နေသည်ကို တွေ့ရှိရမည်ဖြစ်သည်။ ထို့ပြင်စာများကို ဖတ်ရှုခြင်းအားဖြင့် အင်္ဂလိပ်လူမျိုး ဘုန်းတော်ကြီးတစ်ပါးအနေဖြင့် မြန်မာ့နိုင်ငံရေးနှင့် နန်းတွင်းရေးတို့တွင် မည်၍ မည်မျှ ပါဝင်စွက်ဖက်ခဲ့ပုံ၊ အသေးစိတ် ထောက်လှမ်းဆောင်ရွက်ခဲ့ပုံများကို သိရှိနိုင်ကြမည်ဖြစ်သည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|