|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Top 10 Most Visited of This Week
Book Details
|
|
- Description: ဦးနေဝင်း ခေါင်းဆောင်သည့် ဆိုရှယ်လစ်ခေတ်က ကာကွယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး၊ ဝန်ကြီးချုပ်ရုံး ဒုဝန်ကြီး၊ စက်မှု ၁ ဝန်ကြီးတာဝန်များကို ထမ်းဆောင်ခဲ့သည့် ဗိုလ်မှူးချုပ်ဟောင်း တင့်ဆွေ၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိဖြစ်သည်။ ဗမာ့တပ်မတော်တွင် ရဲဘော်ဘဝမှ စတင်ကာ တပ်စုမှူး၊ တပ်ခွဲမှူး၊ တပ်ရင်းမှူး၊ တိုင်းမှူးအစရှိသည်ဖြင့် တာဝန်များကို အဆင့်ဆင့် ထမ်းဆောင်ခဲ့သူ စာရေးသူက ယခုစာအုပ်တွင် သူ၏ ဂျပန်ခေတ် မင်္ဂလာဒုံ ဗိုလ်သင်တန်းကျောင်း အတွေ့အကြုံ၊ ဂျပန်ခေတ် စစ်ပညာသင်ဘဝ၊ သေနတ်ကိုင် တပ်ရင်း ၂၂ တွင် တာဝန်ထမ်းဆောင်စဉ်က အတွေ့အကြုံများ၊ ကိုယ်တိုင်ဦးဆောင်ဆင်နွှဲခဲ့သည့် နဂါးနိုင် စစ်ဆင်ရေး (တရုတ်ဖြူများကို တိုက်ထုတ်သည့် စစ်ဆင်ရေး)၊ ဗ.က.ပ ဌာနချုပ်ကို ပထမအကြိမ် စီးနင်းစဉ်က အတွေ့အကြုံများ၊ သခင်သန်းထွန်းကို လိုက်လံဖမ်းဆီးသည့် စစ်ဆင်ရေး အတွေ့အကြုံ (၎င်းစစ်ဆင်ရေးအတွင်း လုပ်ကြံခံခဲ့ရသည့် သခင်သန်းထွန်းကို မီးသဂြိုဟ်ပေးခဲ့ရသည်)၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်သို့ ပြောင်းရွှေ့ခဲ့ပုံနှင့် ပြည်ပြေးဌာနချုပ်ကို ဝင်ရောက် စီးနင်းခဲ့ပုံ၊ မြဝတီ ခံစစ်အကြောင်း၊ ၎င်းနောက် စစ်ဘက်မှ နယ်ဘက်သို့ ရောက်ရှိခဲ့ပုံ၊ စက်မှု ၁ ဝန်ကြီးတာဝန် ထမ်းဆောင်စဉ်က လက်အောက်ခံ စက်ရုံများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့မှုများ၊ ရန်ကုန်ရှိ စက်မှု ၁ ရုံးကို စံပြဖြစ်အောင် တည်ဆောက်ခဲ့ပုံများ၊ နိုင်ငံခြား ချစ်ကြည်ရေးခရီး အတွေ့အကြုံများ၊ အငြိမ်းစားယူပြီးနောက် ဘာသာရေး၊ သာသနာရေး၊ လူမှုရေး ဆောင်ရွက်ခဲ့မှုများကို ဗဟုသုတဖြစ်ဖွယ် မှတ်တမ်းတင် ရေးသားထားသည်။ စာရေးသူသည် ဤစာအုပ်ဖြင့် ၂ဝ၁ဝ ခုနှစ်အတွက် အမျိုးသားစာပေဆု (စာပဒေသာ) ကို ရရှိခဲ့သည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|