|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
- မအိမ်ကံ
-
-
Author(s):
ခင်ခင်ထူး
- Type: Myanmar Books
-
Category:
ဝတ္ထုရှည်
- No of Pages: 583
- Binding: Paperback
- Publication Month Year: Nov-2024
- Size: 15 cm x 23 cm
|
- Description:
စာရေးသူ၏ အမေတို့ခေတ်က ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ်ကို လုံးချင်းဝတ္ထုရှည်အဖြစ် အသွင်ပြောင်း ရေးဖွဲ့ထားခြင်းဖြစ်သည်။ တစ်ခေတ်တစ်ခါက အလွန်ချောမောလှပသော၊ ဥစ္စာစည်းစိမ် ပြည့်စုံသော ရွာသူ မိန်းမချောတစ်ယောက်ဖြစ်သည့် “မကံ”ဆိုသည့် သူကြီးသမီးတစ်ဦး၏ ဖြစ်ရပ်မှန်ဇာတ်လမ်းဖြစ်ပြီး ဇာတ်လမ်းနှင့်အတူ မြန်မာမိန်းကလေးများ၏ ကိုယ်ကျင့်တရားနှင့် ရွာဓလေ့ ရပ်ဓလေ့များကို တန်ဖိုးထားတတ်သော စိတ်နှလုံးကိုလည်းကောင်း၊ မြန်မာကျေးတောသဘာဝများနှင့် ကျေးတောနေ တောသူတောင်သားများ၏ စိတ်နေသဘောထားများကိုလည်းကောင်း အထင်အရှား ဖတ်ရှုလေ့လာကြရမည်ဖြစ်သည်။ ထို့ပြင် ဖက်စိမ်းကွမ်းတောင် (သို့) မြဖက်ကွမ်းတောင် (သို့) မြစိမ်းကွမ်းတောင်းဆိုသည့် ကွမ်းတောင်ကို ရွာကျက်သရေဆောင် စံပြမိန်းကလေးတို့သာ ကိုင်ခဲ့ရပုံ၊ ထို့ကြောင့် ရှေးခေတ် မိန်းမပျိုများအဖို့ရာ တန်ဖိုးအားဖြင့် မက်စက်သော ကိုယ်ကျင့်တရား၏ နိမိတ်ပုံဖြစ်သည့် ကွမ်းတောင်ကိုင်ဆိုသော ဆုလာဘ်ကို တပ်မက်ကြပုံ၊ ဝတ္ထုဇာတ်ကောင်ဖြစ်သည့် မအိမ်ကံသည် အစစ အရာရာပြည့်စုံသော်လည်း ကွမ်းတောင်ကိုင်ဖြစ်ချင်လှသော စိတ်ခံစားမှု အားကြီးပုံတို့ကို ရသမြောက်စွာ ရေးဖွဲ့ထားသည်။ စာရေးသူသည် ဤဝတ္ထုရှည်ကြီးကို ရွှေအမြုတေမဂ္ဂဇင်းတွင် ၃၆ လတိုင်တိုင် အခန်းဆက်အဖြစ် ရေးသားခဲ့ပြီးနောက် ယခုကဲ့သို့ စတုတ္ထမြောက် လုံးချင်းဝတ္ထုရှည်ကြီးအဖြစ် ထုတ်ဝေလိုက်ခြင်းဖြစ်သည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|