|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
- သစ္စပါရဂူကျမ်း (မိတ္တူ)
-
-
Author(s):
ကန္နီဆရာတော်ဘုရားကြီး
- Type: Myanmar Books
-
Category:
ဘာသာရေး
- No of Pages: 584
- Binding: Hard Cover
- Size: 14 cm x 20 cm
|
- Description: သံသရာစက်ရဟတ် ရပ်နားစေရေးအတွက် အဓိကကျသော သစ္စာလေးပါးအကြောင်းကို အကျယ်တဝင့် ဖွင့်
ဆိုရေးသားထားသော ကျမ်းကြီးဖြစ်သည်။ စာအုပ်တွင် သစ္စာလေးပါးနှင့်စပ်၍ သိမှတ်လိုက်နာဖွယ် အနက်အဓိပ္ပာယ် အသွယ်သွယ်တို့ကို ပါဠိ, အဋ္ဌကထာ, ဋီကာတို့မှ အချက်အလက်စုံလင်စွာဖွင့် စုဆောင်းဖွင့်ပြထားပြီး ကြည့်ရှုလေ့လာသူတိုင်းအတွက် အနုဗောဓဉာဏ် ပဋိဝေဓဉာဏ်အမြင်တို့ကို အစဉ်အတိုင်း ပေးသွားနိုင်မည့် ကျမ်းစာအုပ်ဖြစ်သည်။ ဤစာအုပ်နှင့်ပတ်သက်၍ သံဃမဟာနာကယဖြစ်ခဲ့သော မစိုးရိမ်ဆရာတော်ဘုရားကြီးက “သစ္စပါရဂူကျမ်းမှာ စကားခွန်းတိုင်း ခွန်းတိုင်းမှာပင် ပါဠိ, အဋ္ဌကထာ, ဋီကာ အကိုးသာဓကတို့နှင့် ပြည့်ဝစုံလင်သော ကျမ်းဖြစ်ကြောင်း”ချီးမွမ်းထောက်ခံစကား မိန့်ကြားတော်မူထားသည်။ ထိုသို့ ပရိယတ်ဝန်ဆောင် ပဋိပတ်ဝန်ဆောင်ဆရာတော်များ နှစ်သက်လက်ခံချီးမွမ်းထားသော ဤကျမ်းကြီးကို တိပိဋကဓရ မင်းကွန်းဆရာတော်က ကြည့်ရှုမွမ်းမံပြင်ဆင်၍ ယခုကဲ့သို့ ထုတ်ဝေလိုက်ခြင်းဖြစ်သည်။ (မှတ်ချက်။ ။ ဤစာအုပ်သည် အသစ် ပြန်လည်ထုတ်ဝေသော စာအုပ်မဟုတ်ဘဲ ယခင်ရိုက်နှိပ်ခဲ့သော အကြိမ်များမှ ရှားပါးလက်ကျန်စာအုပ်များကို ရှာဖွေ၍ မိတ္တူကူး ရောင်းချခြင်းဖြစ်ပါသည်။)
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|