|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Top 10 Most Visited of This Week
Book Details
|
- အမေရိကန်နိုင်ငံရဲ့ စစ်တက္ကသိုလ်မှာ သင်ကြားပေးတဲ့ ခေါင်းဆောင်မှုပညာ
-
-
Author(s):
ဦးလှမင်း (ဗဟိုဝန်ထမ်းတက္ကသိုလ်)
- Type: Myanmar Books
-
Category:
စီမံခန့်ခွဲမှု
- No of Pages: 277
- Binding: Paperback
- Publication Month Year: Sep-2010
- Size: 13 cm x 20 cm
|
- Description: ၁၈ဝ၂ ခုနှစ်ကတည်းက ဖွင့်လှစ်ခဲ့သော ကမ္ဘာကျော် စစ်တက္ကသိုလ်ဖြစ်သည့် ဝက်စ်ပွိုင့်စစ်တက္ကသိုလ်တွင် စစ်ပညာသင်ကြားခဲ့ပြီး ၎င်းစစ်တက္ကသိုလ်၌ပင် နှစ်ပေါင်းအတော်ကြာအောင် တာဝန်ထမ်းဆောင်ခဲ့သည့် အငြိမ်းစားဗိုလ်မှူးကြီး Larry R. Donnithorneရေးသားသော The West Point Way of Leadershipကို ဘာသာပြန်ဆိုထားခြင်းဖြစ်သည်။ စာအုပ်တွင် ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်အောင် လေ့ကျင့်ပျိုးထောင်ပုံများ၊ အရပ်ဘက်ခေါင်းဆောင်များအနေဖြင့် စစ်ဘက်ခေါင်းဆောင်မှုလုပ်ငန်းများမှ သင်ယူစရာများ၊ ခေါင်းဆောင်မှု အဆင့်လေးဆင့်၊ အမိန့်နာခံတတ်ခြင်း၏ အရေးပါပုံ၊ မိမိကိုယ် မိမိ ယုံကြည်မှုရှိအောင် ပျိုးထောင်နည်းများ၊ ကြောက်စိတ်ကို ချိုးနှိမ်နိုင်ခြင်း၊ စိတ်ဖိစီးမှုများကို ထိန်းသိမ်းဆောင်ရွက်နိုင်ခြင်း၊ ကိုယ်ကျင့်သိက္ခာနှင့် ပြည့်စုံအောင် ပျိုးထောင်ခြင်းစသည့် ခေါင်းဆောင်မှုကို ဘဝ၏ နေထိုင်မှုပုံစံတစ်ခုအဖြစ် ခံယူနိုင်ရန် နည်းလမ်းများကို အသေးစိတ် ရေးသားရှင်းလင်းထားသည်။ ထိုသို့ တင်ပြရာတွင် ဝက်စ်ပွိုင့်စစ်တက္ကသိုလ်နည်းလမ်းများ၊ မူရင်းစာရေးသူ၏ ကိုယ်တွေ့အတွေ့အကြုံများဖြင့် ပေါင်းယှက်တင်ပြထားခြင်းဖြစ်ပြီး ဆက်ဆံရေးဆိုင်ရာ အခြေခံသဘောတရားတို့ကို လေ့လာနေသူများ၊ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားနေသူများ၊ ခေါင်းဆောင်များကို ခေါင်းဆောင်နေသူများ၊ ခေါင်းဆောင်မှု၏ အနှစ်သာရကို ရှာဖွေလိုသူများအတွက် လမ်းညွှန်ပေးနိုင်မည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်သည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|