|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Top 10 Most Visited of This Week
Book Details
|
|
- Description: စာရေးသူသည် ၁၉၅၂ ခုနှစ်က BAတန်း တက်ခဲ့စဉ် ပါမောက္ခဆရာကြီး ဒေါက်တာဦးလှဘူးသင်ကြားသော အထွေထွေစိတ်ပညာ ဘာသာရပ်တွင် မသိစိတ်စေ့ဆော်မှု (Unconscious Motivation)အကြောင်းနှင့်အတူ ဆစ်ဂမန်ဖရွိုဒ်၏ နာမည်ကို စတင်ကြားဖူးခဲ့သည်။ သို့သော် ပါမောက္ခဒေါက်တာလှသွင်၏ အပြုအမူဝါဒ (Behaviarism)ကို အစွဲအလမ်းကြီးခဲ့သူ စာရေးသူသည် စမ်းသပ်မှု စိတ်ပညာ(Experimental Psychology)ကိုသာ သိပ္ပံနည်းကျသည်ဟု ယုံကြည်ကာ သဲသဲမဲမဲ လိုက်စားမိခဲ့ပြီး အတွေးအခေါ် လွှမ်းမိုးသော ဖရွိုဒ်၏ အဟုန်ရှိစိန်ပညာနှင့် စိတ်စိစစ်မှုပညာတို့ကို လျစ်လျူရှုထားမိခဲ့သည်။ ယခုအခါ အသက်ကြီးရင့်လာပြီး အတွေးအခေါ်လည်း မြင့်လာပြီဟု ထင်မိသော စိတ်ပညာပါမောက္ခ ဆရာကြီးဖြစ်သူ စာရေးသူသည် ဖရွိုဒ်၏ အတွေးအခေါ်များကို တလေးတစား လေ့လာရကောင်းမှန်း သိလာခဲ့သည်။ ထို့ကြောင့်လည်း အတွေးသစ်ဂျာနယ်တွင် ဖရွိုဒ်အကြောင်းကို “မသိစိတ်ရှာပုံတော်”ခေါင်းစဉ်ဖြင့် အပတ်စဉ် ရေးသားခဲ့သည်။ ဤစာအုပ်မှာ ဂျာနယ်ပါဆောင်းပါးများကို စုစည်းထုတ်ဝေထားခြင်းဖြစ်သည်။ လူရဲ့ကိုယ်ရည်ကိုယ်သွေး ဖွဲ့စည်းတည်ဆောက်ထားပုံ သီအိုရီ၊ လူသိများသည့် စိတ်စိုးရိမ်မှု (Anxiety)၊ အတ္တကာကွယ်မှု ယန္တရား (Defense Mechanism)၊ သင်းကွပ်စိတ်ထား ဖွဲ့စည်းမှု (Castration Complex)၊ တိမ်မြုပ်မှု (Repression)၊ မွန်မြတ်စေခြင်း (Sublimation)အယူအဆများနှင့်တကွ ဖရွိုဒ်ဘဝအကြောင်းကို ဤစာအုပ်တွင် အသေးစိတ် လေ့လာနိုင်ကြမည်ဖြစ်သည်။ စာအုပ်ပါဆောင်းပါးများကို ရေးသားရာတွင် ဖရွိုဒ်၏ လက်ရင်းတပည့်ဖြစ်သူ Ernest Jonesရေးသားသည့် ဖရွိုဒ်အတ္ထုပ္ပတ္တိ ၃ တွဲကို အဓိကကိုးကား၍ ရေးသားထားခြင်းဖြစ်သည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|