|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
|
- Description: ရန်ကုန်မြို့၊ သရက်တောကျောင်းတိုက်မှ ဤကျမ်းပြုစုသူ ဖျာပုံတိုက်သစ်ဆရာတော်သည် ဆဋ္ဌသင်္ဂါယနာတင်ပွဲမတိုင်ခင်က ပိဋကတ်သုံးပုံ ပါဠိတော်၊ အဋ္ဌကထာနှင့် ဋီကာများကို စစ်ဆေးပြင်ဆင်ပေးရသော ဆဋ္ဌမူလဝိသောဓကအဖွဲ့၏ အကျိုးတော်ဆောင်၊ ဆဋ္ဌပါဠိတော် မြန်မာပြန် ပဋိဝိသောဓကအဖွဲ့ အဖွဲ့ဝင်၊ ဆဋ္ဌပါဠိမြန်မာ အဘိဓာန်ကျမ်းကြီး စီစဉ်ရေးအဖွဲ့ အဖွဲ့ဝင် အပါအဝင် သာသနာ့တာဝန်များကို ထမ်းဆောင်ရင်း ဆဋ္ဌသံင်္ဂါယနာတင်ပွဲ၌ ဦးဆောင်နာယကဖြစ်သူ သူဌေးကြီးဆာဦးသွင်နှင့် ရင်းနှီးခဲ့သည်။ ထိုသို့ ရင်းနှီးခဲ့သည့်အလျှောက် ဆာဦးသွင်၊ ထိုစဉ်က နိုင်ငံတော်တရားဝန်ကြီးချုပ် ဦးသိန်းမောင်၊ သာသနာရေးဝန်ကြီးဟောင်း ဦးဝင်းစသည့် ဆာဦးသွင်နှင့် အပေါင်းအဖော်များသည် ဆရာတော်ကို သူတို့စိတ်ထဲရှိ မရှင်းလင်းသော ဘာသာရေးပြဿနာများအကြောင်းကို မေးလျှောက်ခဲ့ကြသည်။ ဆရာတော်ကလည်း သမ္မာဒိဋ္ဌိ ဗုဒ္ဓဘာသာ စစ်စစ်ဖြစ်လိုသူ ဒကာရင်းတို့၏ မေးခွန်းများကို ပေါ့ပေါ့တန်တန် သဘောမထားဘဲ ဗုဒ္ဓအလိုတော်ကျ ကျမ်းဂန်အထောက်အထားများဖြင့် ပြန်လည်ဖြေကြားပေးခဲ့သည်။ ယခုစာအုပ်မှာ ဆရာတော်နှင့် ဆာဦးသွင်တို့ လူတစ်စု အမေးအဖြေပြုလုပ်ခဲ့သည်များကို စာအုပ်အဖြစ် ထုတ်ဝေထားခြင်းဖြစ်ပြီး သုတေသန အမေးပဥှာ ၅ဝဝ ခန့်ကို ဖြေရှင်းပေးထားသည်။ အမေးအဖြေများမှာ ထေရဝါဒမှတစ်ပါး အယူမှား၍ အားကိုးမှား ပ,ပျောက်စေရန် အမေးအဖြေများ ဖြစ်ကြသည်။ ဆရာတော်သည် နိုင်ငံတော် သံဃမဟာနာယက ဒုတိယဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်ခဲ့သူလည်း ဖြစ်သည်။ စာမြည်းရန်တွင် ပါဝင်သော မေးခွန်းများကို လေ့လာဖတ်ရှုနိုင်ပါသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|