|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
- ဝိုးတဝါး ပါရီနှင့် ငြိမ်းချမ်းရေး ခရီးသည်
-
-
Author(s):
သိန်းဖေမြင့်
- Type: Myanmar Books
-
Category:
ခရီးသွား / ပထဝီဝင်
- No of Pages: 165
- Binding: Paperback
- Publication Month Year: Apr-2025
- Size: 14 cm x 21 cm
|
- Description: ၁၉၅၇ ခုနှစ်အတွင်းက အင်္ဂလန်အစိုးရ၏ ဖိတ်ကြားချက်အရ စာရေးသူ ဦးသိန်းဖေမြင့်တို့ ပါဝင်သော မြန်မာပါလီမန်အမတ်အဖွဲ့သည် အင်္ဂလန်နိုင်ငံသို့ ဘုရင့်အစိုးရဧည့်သည်တော်အဖြစ် သွားရောက်လေ့လာခဲ့ကြသည်။ အပြန်ခရီးတွင် ပြင်သစ်နိုင်ငံသို့ ၅ ရက် လေ့လာရေးခရီးအဖြစ် ဝင်ရောက်ခဲ့ကြသည်။ ထို အင်္ဂလန်နှင့် ပြင်သစ်ခရီးစဉ်ပြီးဆုံးပြီးနောက်တွင် စာရေးသူသည် သူ၏ ခရီးအတွေ့အကြုံများကို ပြည်တော်စိုး သတင်းစာနှင့် ကြေးမုံသတင်းစာတို့တွင် ရေးသားခဲ့ရာ ယခုစာအုပ်မှာ ထိုဆောင်းပါးများကို စုစည်းထုတ်ဝေထားခြင်းဖြစ်သည်။ စာအုပ်ပါ ဆောင်းပါးများမှာ အခြားခရီးသွားဆောင်းပါးများနှင့်မတူ တစ်မူထူးခြားလျက်ရှိပြီး ပွင့်ပွင့်လင်းလင်းနှင့် စေ့စေ့စပ်စပ် ရှိလှသည်ကို တွေ့ရသည်။ အစိုးရဧည့်သည်တော်အနေဖြင့် သွားရောက်ခဲ့ခြင်းဖြစ်သည့်အတွက် အင်္ဂလန်ထိပ်သီး နိုင်ငံရေးသမားများ၊ အုပ်ချုပ်ရေးသမားများနှင့် တွေ့ဆုံခြင်း၊ နန်းတော်၊ ရဲတိုက်၊ စစ်တက္ကသိုလ်များသို့ သွားရောက်လေ့လာခြင်းများ ပြုလုပ်ခဲ့ရသော်လည်း စာရေးဆရာပီပီ ထိုမျှမကျေနပ်သေးဘဲ လန်ဒန်မြို့၏ ဆင်းရဲသားရပ်ကွက်များအထိရောက်အောင်ပါ မိမိအစီအစဉ်ဖြင့် သွားရောက် မှတ်တမ်းတင်ထားသည်ကို တွေ့ရသည်။ ထို့အတူ ပြင်သစ်နိုင်ငံ၏ အနုပညာနှင့် ယဉ်ကျေးမှုမြင်ကွင်းများကိုပါ လေ့လာအကဲခတ်ခဲ့သည်ကိုလည်း ဖတ်ရှုကြရမည်ဖြစ်သည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|