|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Top 10 Best Sellings of This Week
Book Details
|
|
- Description: “ပြေလည်လိုလျှင် ပြည်ကို သွားလည်ပါလား”ဟူသော အတိတ်
နိမိတ်လိုလို၊ ဓာတ်စကားလိုလို စကားတစ်ခွန်းသည် ၂ဝဝဝ ခုနှစ်ကျော်မှစ၍ လူပြောများလာသလို ထိုစကားကြောင့် ပြည်မြို့သို့ လာရောက်လည်ပတ်ကြသူများ များပြားလာသည်ကို ဆရာတော်ကိုယ်တိုင် တွေ့မြင်နေရသည်ဟုဆိုသည်။ ယခုစာအုပ်တွင် ထိုစကားနှင့် ပတ်သက်၍ လောကီပညာရှုထောင့်မှ အကျယ်တဝင့် ရှင်းလင်းထားသည်ကို ဖတ်ရှုရမည်ဖြစ်သည်။ လောကီတရား၊ လောကီကိစ္စအဖြာဖြာတွင် အထစ်အငေါ့ အခက်အခဲ မရှိ၊ အစစအရာရာ အဆင်ပြေမှု ပြေလည်မှု ရှိလာစေသည့် “ပြေလည်လိုလျှင် ပြည်ကို သွားလည်ပါလား” လောကီအင်္ဂဝိဇ္ဇာနည်းပညာကို အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်ကိုက်ညီအောင် နေလ အပူအအေး၊ ကုသိုလ် အကုသိုလ်၊ အဖိုဓာတ် အမဓာတ်များကိုက်ညီစေရန် အတတ်ပညာနှင့် ပူးပေါင်းဖြည့်စွက်ပြီး ပြည့်ပြည့်စုံစုံ ရေးသားထားခြင်းဖြစ်သည်ဟု ဆရာတော်က မိန့်ကြားထားသည်။ ပြည်မြို့သည် သမိုင်းဝင် ရွှေဆံတော်စေတီတော်မြတ်ကြီးကြောင့် ဝိသေသထူးပုံ၊ ပြည်မြို့သို့ဝင်လျှင် ဝင်ရမည့် အစီအစဉ်၊ ပြည်မြို့မှ ပြန်ထွက်ရမည့် အစီအစဉ်၊ ပြည်ဝင် ပြည်ထွက် အချိန်ကာလ၊ ပြည်ဝင် ပြည်ထွက် အင်္ဂဝိဇ္ဇာနည်းဗျူဟာ စသည်တို့ကို အသေးစိတ် ရှင်းလင်းထားသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|