|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
|
- Description: ဗိုလ်ချုပ်အောင်ဆန်း၏ ပြောကြားချက်များ၊ မိန့်ခွန်းများကို ရနိုင်သမျှ စုစည်းထုတ်ဝေထားသော စာအုပ်ဖြစ်သည်။ ရဲဘော်သုံးကျိပ် သွေးသောက်ပွဲ (ဘန်ကောက်မြို့)၊ ဗိုလ်မိုးကြိုး ဧည့်ခံနှုတ်ဆက်ပွဲ၊ ဦးဝိစာရကျောက်ရုပ်ဖွင့်ပွဲ၊ စက္ကူဖြူစီမံကိန်း ကန့်ကွက်ဆန္ဒပြပွဲ၊ ဖဆပလ ပဏာမပြင်ဆင်မှု ညီလာခံအပါအဝင် ပွဲများ၌ ပြောကြားခဲ့သည့် မိန့်ခွန်းများ၊ အသံလွှင့်ရုံမှတဆင့် တိုင်းပြည်သို့ ပြောကြားခဲ့သည့် မိန့်ခွန်းများကို “ဗိုလ်ချုပ်ပြောတဲ့စကား ဗိုလ်ချုပ်ဟောတဲ့တရား”အခန်းတွင်လည်းကောင်း၊ နေရူး၊ မောရစ်ကောလစ်၊ မဟတ္တမဂန္ဒီ၊ ဆာ ဝီလျံ စလင်းတို့၏ ဗိုလ်ချုပ်၏ ကိုယ်ရည်ကိုယ်သွေး အရည်အချင်းအပေါ် ပုဂ္ဂိုလ်ရေးအမြင် အစရှိသည်တို့ကို “ထင်ရှားသော ပုဂ္ဂိုလ်အချို့၏ ဗိုလ်ချုပ်နှင့် ပတ်သက်သော မှတ်ချက်များ”အခန်းတွင်လည်းကောင်း ဖတ်ရှုကြရမည်ဖြစ်သည်။ မိမိ၏ အတ္တအတွက် တိုင်းပြည်ဘဏ္ဍာများကို အလွဲသုံးစားနေကြသည့် ကိုယ်ကျိုးရှာ တပ်မတော်သားများ၊ ရတာက စစ်ကြပ်လောက် ဖြစ်ချင်တာက ဗိုလ်ချုပ်ဖြစ်နေကြသော အာဏာမက်သူများကို ဗိုလ်ချုပ်အောင်ဆန်းက သူ၏ မိန့်ခွန်းများတွင် တိတိလင်းလင်း သတိပေးထားသလို လွတ်လပ်ရေးနှင့် ထိုက်တန်သည့် မြန်မာပြည်သူ မြန်မာပြည်သားများ ဖြစ်စေရန် တိုင်းသူပြည်သားများ ပြုပြင်သင့်သည့် အချက်များကိုလည်း ပွင့်ပွင့်လင်းလင်း ဝေဖန်ပြောကြားထားသည်ကို တွေ့ရသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|