|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Top 10 Best Sellings of This Week
Book Details
|
- ဖခင်နို့တိုက်ခဲ့သည့် ကျွန်တော့အဖေနှင့် လောကဓံကို စိန်ခေါ်၍ ရင်ဆိုင်ခဲ့သည့် ကျွန်တော်
-
-
Author(s):
ကေသီပန် ဦးလှမြင့်
- Type: Myanmar Books
-
Category:
အတ္ထုပ္ပတ္တိ / ကိုယ်တွေ့မှတ်တမ်း
- No of Pages: 622
- Binding: Paperback
- Publication Month Year: Jun-2011
- Size: 13 cm x 21 cm
|
- Description: စာရေးသူ ယခင်က ထုတ်ဝေခဲ့သည့် “ငှက်ပျောထမ်း၍ ခရီးကြမ်းနှင်နှင့် အခြားဘဝဖြစ်ရပ်များ”၊ “လောကဓံကို စိန်ခေါ်၍ ရင်ဆိုင်ခဲ့သည့် ကျွန်တော်”၊ “ဖခင်နို့တိုက်ခဲ့သည့် ကျွန်တော့အဖေနှင့် ငယ်စဉ်ကာလဘဝဖြစ်ရပ်များ” စာအုပ် ၃ အုပ်ကို ပေါင်းစည်းထုတ်ဝေထားခြင်းဖြစ်သည်။ ငယ်စဉ်ကတည်းက မိဘမရှိတော့သဖြင့် အစ်ကို၊ အစ်မ၊ ဦးလေးများ၏ စောင့်ရှောက်မှု၊ ဆရာဘုန်းတော်ကြီး၏ ပညာသင်ကြားပေးမှုဖြင့် လူလားမြောက်ခဲ့ရပုံ၊ ငှက်ပျောထမ်းသမား၊ မြတ်ရိတ်သမား၊ လှည်းသမား၊ စာအုပ်လက်ပွေ့ရောင်းသမား၊ ပုံနှိပ်တိုက် စာစီသမား အစရှိသည့် အရွယ်နှင့် မမျှအောင် ကြမ်းတမ်းလှသည့် ခရောင်းလမ်းကို ဖြတ်သန်းလာခဲ့ရပုံ၊ ဘဝပေါင်းစုံကို အဆင့်ဆင့်ဖြတ်သန်းပြီးနောက် ကံ၊ ဉာဏ်၊ ဝီရိယတို့ကြောင့် နိုင်ငံကျော် ကေသီပန် ဆေးဝါးထုတ်လုပ်ရေး လုပ်ငန်းရှင်အဖြစ် တက်လှမ်းခဲ့ပုံ၊ တစ်ချိန်က ကျေးဇူးရှိခဲ့သူများကို ချမ်းသာလာချိန်၌ ကျေးဇူးတုံ့ပြန်ခဲ့ပုံများကို အားကျဖွယ်၊ အတုယူဖွယ်၊ သင်ခန်းစာယူဖွယ်များအဖြစ် ဖတ်ရှုကြရမည်ဖြစ်သည်။ မိမိတို့၏ ဘဝတက်လမ်းကို လျှောက်လှမ်းရမည့်သူများ၊ အထူးသဖြင့် အညွှန့်တလူလူဖြင့် ပျိုမျစ်နုငယ်ကြသည့် လူငယ်မောင်မယ်များ စာရေးသူ၏ အားနည်းချက်၊ ချို့ယွင်းချက်၊ ညံ့ဖျင်းချက်များကို သင်ခန်းစာယူ၍ မိမိကဲ့သို့ မှားယွင်းမှုမျိုး မလုပ်မိစေရန် ရည်သန်၍ ဤစာအုပ်ကို ရေးသားဖြစ်ခဲ့ခြင်း ဖြစ်သည်ဟု စာရေးသူက အမှာစာတွင် ဆိုထားသည်။ စာရေးသူသည် ဤစာအုပ်ဖြင့် ၂ဝ၁၁ ခုနှစ်အတွက် အမျိုးသားစာပေဆု (စာပဒေသာ) ကို ရရှိခဲ့သည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|