|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
|
- Description: မြန်မာစာပေစတင်ပေါ်ထွန်းလာသော ပုဂံခေတ် အနော်ရထာမင်းစော လက်ထက်မှသည် သီပေါမင်းပါတော်မူသည့် အချိန်ကာလအတွင်း ပေါ်ထွန်းခဲ့သည့် မြန်မာစာပေအမျိုးအစားများနှင့် ကျမ်းများကို လေ့လာသုံးသပ်ထားသော စာအုပ်ဖြစ်သည်။ စာအုပ်တွင် အပိုင်း ၄ ပိုင်း ပါရှိသည်။ အပိုင်း (၁) တွင် ကျမ်း၏ နိဒါန်းကိုလည်းကောင်း၊ အပိုင်း (၂)နှင့် (၃)တွင် သဒ္ဒါကျမ်း၊ ဆန်းကျမ်း၊ အလင်္ကာကျမ်း၊ သတ်ပုံကျမ်း၊ ပေါရာဏကျမ်းအပါအဝင် ကျမ်း ၁ဝ၏ ကျမ်းသရုပ်နှင့် ကျမ်းအမျိုးအစားအလိုက် ထင်ရှားခဲ့သည့် ကျမ်းစာများအကြောင်း၊ ကျမ်းသရုပ်နှင့် ယင်းကျမ်းများ တည်ရှိရာ စာကြည့်တိုက်အမည်များကိုလည်းကောင်း ဖတ်ရှုလေ့လာကြရမည်ဖြစ်သည်။ တစ်နည်းအားဖြင့် ပုဂံခေတ်မှသည် ကုန်းဘောင်ခေတ်နှောင်းပိုင်းအထိ ပေါ်ထွက်ခဲ့သည့် မြန်မာစာပေ အမျိုးအစားများ၊ ကျမ်းအမျိုးအစားများနှင့် ထင်ရှားသည့် ကျမ်းစာများအကြောင်းကို အချိန်တိုအတွင်း ခြုံငုံသုံးသပ်လေ့လာနိုင်မည့် စာအုပ်ဖြစ်သည်။ တက္ကသိုလ်များ သမိုင်းသုတေသနဌာန၌ အကြံပေးအရာရှိတာဝန်ကို ထမ်းဆောင်နေသည့်အပြင် စာကြည့်တိုက်ပညာဌာန၌ ပေပုရပိုက်ဘာသာရပ်ကို အချိန်ပိုင်း ပို့ချလျက်ရှိသူ စာရေးသူသည် ဤစာအုပ်ဖြင့် ၂ဝဝ၇ ခုနှစ်၊ ပခုက္ကူဦးအုံးဖေစာပေဆု ကျမ်းစာပေ ပထမဆုကို ဆွတ်ခူးနိုင်ခဲ့သည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|