|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Top 10 Best Sellings of This Week
Book Details
|
|
- Description: ၂ဝ၁၁ ခုနှစ် မတ်လ ၂၄ ရက်နေ့ညတွင် ရှမ်းပြည်နယ် တာလေမြို့အနီးကို ဗဟိုပြု၍ ငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ရာ လူနေအိမ်ခြေများနှင့် ငလျင်ဗဟိုချက် နီးစပ်မှုကြောင့် လူအများအပြား သေကျေဒဏ်ရာရခဲ့သည်။ ထိုငလျင်လှုပ်ပြီး နောက်နေ့မှ စ၍ အဆိုပါဒေသသို့ ကိုယ်တိုင်သွားရောက်ကာ ကယ်ဆယ်ရေး၊ ဒုက္ခသည်များ၏ စားရေး သောက်ရေးကို စီစဉ်ပေးခဲ့သူ စာရေးသူ ဆရာတော်က သူမြင်တွေ့ခဲ့ရသည့် ငလျင်ဒဏ်ခံ မြင်ကွင်းများကို ဤစာအုပ်တွင် ဓာတ်ပုံများနှင့်တကွ မှတ်တမ်းတင် ရေးသားထားသည်။ တာလေမြို့လေး၏ အောက်ရှိ ပြတ်ရွေ့ကြောကြီးအကြောင်း၊ ငလျင်ကြောင့် သေဆုံးခဲ့သူများ၊ နုံးတင်မြေနု ပြတ်ရွေ့ကြောတည့်တည့်ပေါ် ဆောက်ထားကြသော်လည်း သံကူကွန်ကရစ်မဟုတ်ဘဲ အုတ်ဘလောက် ပါးပါးနှင့်သာ တည်ဆောက်ထားခြင်းကြောင့် ငလျင်ဒဏ်ကို မခံနိုင်ဘဲ အဆောက်အအုံတော်တော်များများ ပြိုကျ ပျက်စီးသွားခဲ့ပုံ၊ ငလျင်ဒုက္ခသည်များအတွက် ဆရာတော်ကိုယ်တိုင် “အိုးသူကြီး”အဖြစ် စီမံခန့်ခွဲကာ တတ်စွမ်းသရွေ့ ကူညီခဲ့ပုံများကို စာအုပ်တွင် ဖတ်ရှုကြရမည်ဖြစ်သည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|