|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
- အာရတ် အစ္စရေး စစ်နှင့် ဆွေးနွေးပွဲ
-
-
Author(s):
ဇဝန
- Type: Myanmar Books
-
Category:
သမိုင်း
- No of Pages: 393
- Binding: Paperback
- Publication Month Year: Oct-2011
- Size: 13 cm x 21 cm
|
- Description: အစ္စရေးနိုင်ငံတွင် သြဇာတိက္ကမကြီးမားသည့် ဟီဘရူးသတင်းစာ “ဟာရာ့ဇ်”၏ နိုင်ငံတကာရေးရာ သတင်းထောက်နှင့် ပင်တိုင်ဆောင်းပါးရှင်တစ်ဦးဖြစ်သော မက်တီဂိုလန်ရေးသားသည့် စာအုပ်ကို ဘာသာပြန်ဆိုထားခြင်းဖြစ်သည်။ အာရပ် အစ္စရေးတို့၏ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်သည့် ပဋိပက္ခနှင့် ပတ်သက်၍ အစ္စရေးသတင်းစာဆရာတစ်ဦးဖြစ်သူ မူရင်းစာရေးသူက သူ၏ အမြင်နှင့် ကိုယ်တွေ့များ၊ အစ္စရေးနိုင်ငံသူ နိုင်ငံသားတို့၏ သဘောထားနှင့် ခံယူချက်များကို ဖော်ထုတ်တင်ပြထားခြင်း ဖြစ်သည်။ အာရပ်နှင့် အစ္စရေးတို့သည် ၄ ကြိမ်တိုင်တိုင် စစ်ပွဲဖြစ်ရာ ၄ ကြိမ်လုံး အစ္စရေးတို့ အနိုင်ရရှိခဲ့သည်။ ယခုစာအုပ်တွင် ၁၉၇၃ ခုနှစ်က ဖြစ်ပွားခဲ့သော “ယွမ်ကစ်ပူ”စစ်ပွဲနှင့် ပတ်သက်၍ အစ္စရေး အစိုးရဘက်မှ အတွင်းကျကျ သတင်းများ၊ ထိုစဉ်က အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟင်နရီ ကစ်ဆင်ဂျာနှင့်အတူ လိုက်ပါလာကြသော အမေရိကန်သတင်းစာဆရာများထံမှ တဆင့် သိရှိခဲ့ကြသည့် ကစ်ဆင်ဂျာနှင့် အာရပ်တို့ လျှို့ဝှက်ဆွေးနွေးချက်များအကြောင်း၊ ကစ်ဆင်ဂျာနှင့် အစ္စရေးတို့ လျှို့ဝှက်ဆွေးနွေးကြသည့် စကားများ၊ အပြင်သို့ ဖော်ထုတ်ခြင်းမပြုသည့် သတင်းများကို စိတ်ဝင်စားဖွယ် ဖတ်ရှုကြရမည်ဖြစ်သည်။ “ယွမ်ကစ်ပူ”စစ်ပွဲတွင် အစ္စရေးတို့သည် ပထမပိုင်း အရေနိမ့်နေသော်လည်း နောက်ပိုင်း၌ အီဂျစ်တတိယတပ်မကြီးကိုပင် ချေမှုန်းနိုင်အောင် အရေးသာခဲ့သည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|