|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
|
- Description: လှည်းကူးမြို့နယ်အတွင်း ဖောင်ကြီးမှ သုံးမိုင်ခဲွဲအကွာ ပဲခူးရိုးမအစပ်တွင် တည်ရှိသော မရမ်းချောင်း အနာကြီးရောဂါစခန်းသည် တောင်ကြောတစ်ခုပေါ်တွင် အလျားလိုက်တည်ဆောက်ထားခြင်းဖြစ်သည်။ ထိုစခန်းသည် လှပသည့်အသွင်ကို ဆောင်သော်လည်း ထိုစခန်းသို့ ရောက်ရှိလာသူများ၏ ဘဝနောက်ကြောင်းမှာ မလှမပခဲ့သူများ ဖြစ်ကြသည်။ စခန်းသို့ ရောက်ရှိပြီးနောက် အမ်ဒီတီဆေးကြောင့် သူတို့သည် အနာကြီးရောဂါ ကင်းစင် ပပျောက်သွားပြီးဖြစ်သော်လည်း ရောဂါ၏ ဒဏ်ရာဒဏ်ချက်များမှာ လူတောမတိုးဝံ့အောင်ပင် ဖြစ်သည်။ ယခုစာအုပ်တွင် ထိုစခန်းသို့ ရောက်ရှိလာသူများ၏ ဘဝဇာတ်ကြောင်းများကို စာရေးဆရာချစ်စံဝင်းက ကိုယ်တွေ့မေးမြန်း၍ သူတို့ ရောဂါခံစားခဲ့ရပုံများ၊ လူသိမခံဝံ့၍ ဆေးမြီးတိုများနှင့် ကြိတ်၍ ကုသခဲ့ခြင်းကြောင့် ရောဂါ၏ ဒဏ်ကို ပိုမိုခံခဲ့ရပုံ၊ စခန်းရောက်ပြီး ဆေးကုသမှု ခံခဲ့ရပုံ၊ ရောဂါပျောက်ကင်းပြီးနောက် ဘဝတူများ စုပေါင်းကာ လောကဓံကို အညံ့မခံဘဲ ဘဝကို ရုန်းကန်လှုပ်ရှားနေမှုများကို စာနာထောက်ထားဖွယ် မှတ်တမ်းတင်ရေးသားထားသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|