|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
|
- Description: Richard Branson၏ Lessons in Life Screw it, Let's do itစာအုပ်ကို ဘာသာပြန်ဆိုထားခြင်းဖြစ်သည်။ ဆယ်ကျော်သက်အရွယ်မှာပင် လူငယ်မဂ္ဂဇင်းတစ်စောင်ကို အောင်မြင်စွာ ထုတ်ဝေနိုင်ခဲ့ပြီး အလွန်ဝင်ငွေကောင်းသော Virgin (အပျိုစင်) ဓာတ်ပြားတိုက်ကိုပါ ထူထောင်နိုင်ခဲ့သလို လေကြောင်းပို့ဆောင်ရေးနှင့် အာကာသခရီးသွားလုပ်ငန်းအထိပါ လုပ်ငန်းများတိုးချဲ့အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့သည့် မူရင်းစာရေးသူ Richard Bransonသည် ငယ်စဉ်က ရုပ်ပိုင်းဆိုင်ရာ ချွတ်ယွင်းချက်တစ်ခုကြောင့် ကျောင်းစာကိုပင် ကောင်းကောင်းမလိုက်နိုင်သူတစ်ဦး ဖြစ်သည်။ သို့သော် “ဖြစ်ချင်လျှင် ယခုပင် စတင်လုပ်”ဟူသော သဘောတရားကို ကိုင်စွဲရင်း အားထုတ်မှုပြေးလမ်းပေါ်တွင် မဆုတ်မနစ်သောဇွဲနှင့် သက်လုံကောင်းကောင်းထားကာ ကြိုးစားခဲ့သဖြင့် အောင်မြင်သော ဗြိတိသျှလုပ်ငန်းရှင်အဖြစ် ခံယူနိုင်ခဲ့ပြီဖြစ်သည်။ ယခုစာအုပ်တွင် မတော်လောဘတက်၍ ဥပဒေချိုးဖောက်ကာ စီးပွားရှာခဲ့သည့် အတွေ့အကြုံများအပါအဝင် သူ၏ စီးပွားရေးလုပ်ငန်း ကိုယ်တွေ့များ၊ လုပ်ရည်ကိုင်ရည်များ၊ ဦးဆောင်စွန့်စားပုံများ၊ သူ၏ လောကအမြင်၊ ခံယူချက်၊ လုပ်ဆောင်ချက်များကို အကောင်းရော အဆိုးပါ ပွင့်ပွင့်လင်းလင်း ရေးသားတင်ပြထားသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|