|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Top 10 Most Visited of This Week
Book Details
|
- တစ်ခါတုန်းက ကေဂျီဘီနှင့် သတင်းစစ်ဆင်ရေး
-
-
Author(s):
ရဲမြင့်သိန်း
- Type: Myanmar Books
-
Category:
နိုင်ငံရေး
- No of Pages: 123
- Binding: Paperback
- Publication Month Year: Sep-2011
- Size: 18 cm x 18 cm
|
- Description: တစ်ခေတ်တစ်ခါတုန်းက KGBခေါ် ဆိုဗိယက်ခေတ် ထောက်လှမ်းရေးအဖွဲ့ကြီး၏ စိတ်ဓာတ်စစ်ဆင်ရေးဌာန လှုပ်ရှားမှုများကို မှတ်တမ်းတင်ရေးသား ဖော်ထုတ်ထားသော စာအုပ်ဖြစ်သည်။ ထိုအဖွဲ့ကြီးသည် အမေရိကန်နှင့် အနောက်အုပ်စု နိုင်ငံများအပေါ် သီးခြား စိတ်ဓာတ်စစ်ဆင်ရေးများ ဆင်နွှဲပြီး နိုင်ငံရေး အကျပ်အတည်းများ ပေါ်အောင် ဆောင်ရွက်ခဲ့သည်။ အနောက်နိုင်ငံများ၌ သိန်းနှင့်ချီသော အုပ်စုများသည် KGB စိတ်ဓာတ်စစ်ဆင်ရေး တီးလုံးတီးကွက်များအတိုင်း လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြသည်။ ထိုသို့ ဆန္ဒပြသူများတွင် ဘာသာရေး ခေါင်းဆောင်များ၊ လွှတ်တော်အမတ်များ၊ ဆရာဝန်များ ပါဝင်သော အဖွဲ့အစည်းများနှင့် နိုင်ငံရေးသမား ပါဝင်ခဲ့ကြပြီး ထိုလုပ်ဆောင်ချက်များဖြင့် အမေရိကန်အစိုးရကို တုန်လှုပ်ချောက်ချားစေခဲ့သည်။ ဤစာအုပ်တွင် ၁၉၇ဝ ပြည့်လွန်ကာလက KGB၏ သတင်းစစ်ဆင်ရေး လုပ်ဆောင်ချက်များကို အသေးစိတ် ဖတ်ရှုလေ့လာကြရမည်ဖြစ်သည်။ ထိုခေတ်ထိုအခါက အမေရိကန်တို့၏ CIAအဖွဲ့ကြီးနှင့် ဘတစ်ပြန် ကျားတစ်ပြန် အပြန်အလှန် ထောက်လှမ်းရေး လုပ်ဆောင်ခဲ့ပုံများ၊ သတင်းစာဆရာများကို ထောက်လှမ်းရေးအတွက် အသုံးချခဲ့ပုံ၊ ရန်ဘက်နိုင်ငံအတွက် သတင်းမှားများ ထုတ်လွှင့်ခဲ့ပုံ၊ ထိုသို့လုပ်ဆောင်ချက်များအတွက် အမေရိကန်ဒေါ်လာ သန်းချီကာ သုံးစွဲခဲ့ပုံများကို KGBအဖွဲ့၏ ထိပ်တန်းပုဂ္ဂိုလ်များ၏ ဖွင့်ဟပြောဆိုချက်များကိုမှီးကာ ရေးသားဖော်ထုတ်ထားသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|