|
|
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
- နှစ်ပေါင်း နှစ်ထောင်ကျော်ခဲ့ပြီဖြစ်သော မြန်မာ့သမိုင်း (အတွဲ ၁) (ကျမ်းကိုးများ၊ ရှေးဗမာကျောက်စာများနှင့် ကွဲလွဲမှားယွင်းနေသော ဂျီအိပ်ချ်လုစ်၏ ဗမာ့သမိုင်းအယူအဆ)
-
-
Author(s):
ဘုန်းတင့်ကျော်
- Type: Myanmar Books
-
Category:
သမိုင်း
- No of Pages: 334
- Binding: Paperback
- Publication Month Year: Nov-2010
- Size: 15 cm x 25 cm
|
- Description: ၂ဝဝ၃ ခုနှစ်၊ အောက်တိုဘာလ ၃ ရက်နေ့က ရန်ကုန်တက္ကသိုလ်၊ အမရဆောင်၌ ပြုလုပ်ခဲ့သာ စာတမ်းဖတ်ပွဲတွင် စာရေးသူ ဖတ်ကြားခဲ့သော မြန်မာ့သမိုင်းသုတေသနစာတမ်းဖြစ်သည်။ ထိုစာတမ်းဖတ်ပွဲတွင် ဆရာကြီး ဒေါက်တာသန်းထွန်းက သဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည်။ ဂျီအိပ်ချ်လုစ် (ယခင် ပါမောက္ခ၊ သမိုင်းဌာန၊ ရန်ကုန်တက္ကသိုလ်)၏ “ဗမာအစ ကျောက်ဆည်”သမိုင်းစာတမ်း၌ မြန်မာ့သမိုင်းဆိုင်ရာ ခေတ်ပြိုင် အိန္ဒိယ အထောက်အထားများ၊ တရုတ်မှတ်တမ်း အထောက်အထားများ၊ ပုဂံခေတ် ရှေးဟောင်း ဗမာကျောက်စာ အထောက်အထားများ မြောက်မြားစွာ ဖော်ပြခြင်းမရှိဘဲ ကြွင်းကျန်ခဲ့ပုံ၊ သူ၏ အဓိကကျမ်းကို တရုတ် မန်ရှုကျမ်းပါ အချက်အလက်များနှင့်လည်း ကိုက်ညီမှန်ကန်ခြင်းမရှိဘဲ ကွဲလွဲမှားယွင်းနေပုံ၊ အခြားသော အိန္ဒိယ၊ တရုတ်မှတ်တမ်းများနှင့်လည်း ကွဲလွဲမှားယွင်းနေပုံ၊ ပုဂံခေတ် ရှေးဟောင်းဗမာကျောက်စာ မြောက်မြားစွာနှင့်လည်း ကိုက်ညီခြင်း မရှိဘဲ မှားယွင်းနေပုံ၊ ဗမာအစ ကျောက်ဆည် အေဒီ ၉ ရာစုဟူသော ဗမာသမိုင်း အယူအဆ မှားယွင်းပုံ၊ ခေတ်ပြိုင်အထောက်အထားများအရ ဗမာခေါ် မြန်မာလူမျိုး မြန်မာနိုင်ငံသမိုင်းသည် လွန်ခဲ့သောနှစ် ၂၂ဝဝ ကျော်ကတည်းက ပေါ်ပေါက်ထွန်းကားနေခဲ့ပုံများကို စာတမ်းတွင် အထောက်အထား အပြည့်အစုံဖြင့် သုတေသနပြု တင်ပြထားသည်။ ယခု အတွဲ ၁ တွင် ရှေးဗမာကျောက်စာများနှင့် ကွဲလွဲမှားယွင်းနေသော ဂျီအိပ်ချ်လုစ်၏ ဗမာ့သမိုင်းအယူအဆများကို ဓာတ်ပုံအထောက်အထားများနှင့်တကွ ရှင်းလင်းထောက်ပြထားသည်။ စာတမ်းရှင်သည် စာရေးဆရာကြီး တက္ကသိုလ် ဘုန်းနိုင်၏ သားရင်းဖြစ်သည်။ ယခုစာတမ်းကိုလည်း ဆရာကြီးဒေါက်တာသန်းထွန်းက ထောက်ခံထားသည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|