|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
|
- Description: အမေရိကန်လူ့အဖွဲ့အစည်းမှ အဖိနှိပ်ခံများဖြစ်ကြသည့် အလုပ်ကြမ်းသမားများ၊ အလုပ်လက်မဲ့များ၊ ခြေသလုံးအိမ်တိုင်များ၊ တောင်းရမ်းစားသောက်သူများ၊ ဂျပိုးတေလေများ၊ သူခိုးသူဝှက်၊ ခါးပိုက်နှိုက်၊ ထောင်ထွက်လူဆိုးအစရှိသည့် လူတန်းစားအသီးသီးတို့၏ သဘောသဘာဝ၊ အမူအကျင့် ဓလေ့စရိုက်နှင့် သူတို့လောကတွင် သုံးနှုံးသည့် ဝေါဟာရများနှင့် ဘာသာစကားများကို ကောင်းစွာ သိရှိကျွမ်းကျင်သလို ထိုသူများအကြောင်းကို ဝတ္ထုအဖြစ်ရေးဖွဲ့ရာတွင် အလွန်တရာ အသက်ဝင် ပီပြင်အောင် ရေးဖွဲ့နိုင်ခဲ့သူ ဂျက်လန်ဒန်၏ အတ္ထုပ္ပတ္တိစာအုပ်ဖြစ်သည်။ အမေရိကန်စာပေလောကတွင် ဂျက်လန်ဒန်သည် အလံစိုက်ခဲ့စဉ်က မည်သည့် စာရေးဆရာမျှ မကိုင်ရဲသော ပြဿနာ ၃ ရပ်ရှိခဲ့ရာ ၎င်းတို့မှာ ဘာသာတရား၊ လိင်ပြဿနာနှင့် ဆိုရှယ်လစ် ကွန်မြူနစ်ဝါဒပြဿနာများဖြစ်သည်။ ထိုပြဿနာသုံးရပ်ကိုလည်း ဂျက်လန်ဒန်သည် ရဲရဲတင်းတင်း ကိုင်တွယ်ခဲ့သည်။ အောင်မြင်သည့်အချိန်က အမေရိကန်သာမက ကမ္ဘာတွင်ပါ လျှမ်းလျှမ်းတောက်ဖြစ်ခဲ့သော်လည်း သူ၏ ငယ်ဘဝမှာ ခရောင်းလမ်းဖြစ်သည်။ သူသည် မူလတန်းအရွယ်ကပင် ကစားဖော်များနှင့် ကစားခွင့် မရခဲ့သူဖြစ်သည်။ ကျောင်း၏ ကျွန်အဖြစ် အလုပ်လုပ်ရင်း စာသင်ခဲ့ရပြီး အလုပ်လုပ်ပြန်တော့လည်း မဝရေစာဖြင့် အလုပ်ပေါင်းစုံကို ပြောင်းလုပ်ကိုင် ခဲ့ရသည်။ သူသည် အသက် ၄ဝ အရွယ်၊ စာရေးသက် ၁၆ နှစ်တာ ကာလအတွင်း ဝတ္ထုရှည်ကြီး ၁၉ အုပ်၊ ဝတ္ထုတိုနှင့် ဆောင်းပါးပေါင်းချုပ် ၁၈ အုပ်၊ ပြဇာတ် ၃ အုပ်၊ ကိုယ်ရေးအတ္ထုပ္ပတ္တိနှင့် လူမှုရေးဆိုင်ရာ စာအုပ် ၈ အုပ်ထိကို ရေးသားနိုင်ခဲ့သည်။ လူ့ဘဝစတင်သည်ဟု လူအများစု ဆိုကြသော အသက် ၄ဝ အရွယ်၌ သူသည် မော်ဖင်းအဆိပ်ဖြင့် သူ့ကိုယ်သူ အဆုံးစီရင်သွားခဲ့သည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|