|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
|
- Description: သစ်ပင်တွေ၊ တောတောင်တွေ၊ စမ်းချောင်းလေးတွေ၊ ပန်းပွင့်လေးတွေ၊ တိရစ္ဆာန်လေးတွေ အစရှိသည့် ကမ္ဘာပေါ်ရှိ သက်ရှိသက်မဲ့များသည် ကမ္ဘာကြီးကို အသီးသီး အလှဆင်လျက်ရှိရာ ထိုအလှများကို ကလေးငယ်များ ခံစားသိရှိနိုင်ရန် စာအုပ်ပါ ကဗျာရေးစပ်ထားခြင်းဖြစ်သည်ဟု ဆိုသည်။ ထိုကြောင့် စာအုပ်ပါကဗျာများကို ဖတ်ရှုခြင်းဖြင့် ထိုအလှတရားများကို ကလေးငယ်များ ချစ်ခင် မြတ်နိုးမိလာစေမည် ဖြစ်သည်။ ထိုမျှမက ကဗျာများတွင် မြန်မာနိုင်ငံက ဗဟုသုတများ၊ မြန်မာ့ရိုးရာဓလေ့၊ ကျေးရွာများ၏ ဓလေ့၊ အာဆီယံနှင့်ဆိုင်သည့် ဗဟုသုတများ၊ စကားထာများ၊ စကားပုံများကိုပါ ထည့်သွင်းရေးစပ်ထားသည့်အတွက် ကဗျာဖတ် ကလေးငယ်များသည် မြန်မာ့ရိုးရာ ယဉ်ကျေးမှု ဓလေ့များကိုပါ ရင်းနှီးကျွမ်းဝင်မှု ရှိလာမည်ဖြစ်သည်။ အလှကမ္ဘာ၊ ရေးတော့အမှန် ဖတ်တော့အသံ၊ ဘဝအမြဲလှ၊ အာဆီယံမြို့တော်များ၊ ဥသြ၊ ဖားပေါင်စင်း၊ မောင်လေးထကွယ်၊ ကမ္ဘာမြေကတို့လူသား၊ ခွေးကလေး ၂ ကောင်၊ ညမင်းသား၊ ပုဂံဘုရားဖူး၊ အစားမတော်တစ်လုပ်၊ တို့ရွာ ထမနဲပွဲ၊ ငါတို့ ပြည်ထောင်စု၊ မင်းမြတ်သုံးပါး၊ မြန်မာဆန်ဆန် သင်္ကြန်ပွဲ၊ သီတင်းကျွတ်ချိန်၊ ဘကြီးဖိုးစီ လယ်တဲဆီအပါအဝင် ကဗျာ ၇၇ ပုဒ်ပါရှိသည်။ စာရေးသူသည် ဤစာအုပ်ဖြင့် ၂ဝ၁၁ ခုနှစ်အတွက် အမျိုးသားစာပေဆု (ကလေးစာပေ) ကို ရရှိခဲ့သည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|