|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 New Arrivals
Book Details
|
|
- Description: လွတ်လပ်ရေးရပြီးခါစ မြန်မာနိုင်ငံ၌ ရောင်စုံသူပုန်များ ထကြွအားကောင်းခဲ့သည့်အချိန်ကာလက အလံနီကွန်မြူနစ်ပါတီရှိ အိမ်ထောင်ရှိ အမျိုးသမီးများသည် သားသမီးများ မွေးလာခဲ့လျှင် နီးစပ်ရာရွာများ၌ အပ်နှံစွန့်ပစ်ရန်နှင့် ပါတီတာဝန်များကို အမြန်ထမ်းဆောင်ရန် ဗဟိုမှ ညွှန်ကြားချက်အမိန့် ထုတ်ပြန်ခဲ့သည်။ ယခုစာအုပ်တွင် ထိုညွှန်ကြားချက်ကြောင့် ရင်နင့်ဖွယ် ဖြစ်ရပ်နှင့် ကြုံခဲ့ကြသည့် ရဲနီမိသားစု ၂ စုအကြောင်းကို ရင်နင့်ဖွယ် မှတ်တမ်းတင်ရေးသားထားသည်။ တစ်ဦးမှာ အလံနီ ခရိုင်ကော်မတီအဆင့်ရှိ ဒေါ်ခင်ညို (ခ) ဒေါ်အေးတုတ်ဖြစ်ပြီး သူမသည် ပါတီထဲမှာနေရင်း ရဲနီတင်မြင့်နှင့် အိမ်ထောင်ကျခဲ့သည်။ သား ၂ ယောက်၊ သမီး ၁ ယောက်ရခဲ့ပြီး အားလုံးကို နီးရာကျေးရွာများတွင် စွန့်ပစ်ခဲ့ရသည်။ နောက်ဆုံး သမီးကိုမွေးဖွားပြီးချိန်၌ ယောက်ျားဖြစ်သူသည် တာဝန်ကျရာအရပ်ရှိ ချင်းအမျိုးသမီးတစ်ဦးနှင့် နောက်အိမ်ထောင်ပြုခဲ့သဖြင့် သူမသည် ခိုကိုးရာမဲ့ကာ အလင်းဝင်ခဲ့သည်။ အလင်းဝင်ပြီးနောက် သားသမီးများကို ပြန်လည်ရှာဖွေခေါ်ယူခဲ့သော်လည်း သမီးဖြစ်သူနှင့် ရင်နင့်ဖွယ် ရှင်ကွဲ ကွဲခဲ့ရသည်။ နောက်ထပ်ဖြစ်စဉ်မှာ အလံနီ ဗိုလ်ချုပ်အုန်းမောင်နှင့် ဇနီးဒေါ်အေးရီတို့ မိသားစုဖြစ်သည်။ အလံနီပါတီဝင်များဖြစ်ကြသော သူတို့နှစ်ဦးသည် အိမ်ထောင်သက် ၄၃ နှစ်အတွင်း သုံးမွှာပူး တစ်ကြိမ်၊ နှစ်မွှာပူး နှစ်ကြိမ် အပါအဝင် သားသမီးဦးရေအားဖြင့် ၁၈ ဦးထွန်းကားခဲ့သည်။ သူတို့သည် အလင်းဝင်ပြီးသောအခါ သားသမီးများကို လိုက်လံခေါ်ယူခဲ့သော်လည်း သူတို့၏ မွေးစားမိဘများ၏ ပြန်လည်အပ်နှံရန် ငြင်းဆိုခြင်းကို ခံခဲ့ရသည်။ သားသမီးများကို မြင်သာမြင်ရ မခင်တွယ်ရသည့် သူတို့၏ ဘဝနှင့် တော်လှန်ရေးအတွက် ရင်သွေးငယ်များ ပေးအပ်ခဲ့ရပုံများကို စိတ်မကောင်းဖြစ်ဖွယ် ဤစာအုပ်တွင် ဖတ်ရှုကြရမည်ဖြစ်သည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|