|
|
Publishers
|
|
|
|
More ...
|
Top 10 Best Sellings of This Week
Book Details
|
|
- Description: မြန်မာနိုင်ငံလွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းကြောင်းတွင် ဗိုလ်ချုပ်အောင်ဆန်းတို့နှင့်အတူ လက်တွဲပါဝင်ခဲ့သော်လည်း လွတ်လပ်ရေးရပြီးနောက် တောခိုကာ အာဏာရအစိုးရကို တော်လှန်ခဲ့သည့် အလံနီ ကွန်မြူနစ်ပါတီ (ဗမာပြည်) အထွေထွေ အတွင်းရေးမှူးချုပ် သခင်စိုးသည် ၁၉၇ဝ ခုနှစ် နိုဝင်ဘာ ၁၁ ရက်နေ့က ပခုက္ကူမြို့နယ်၊ ကျွန်းချောင်းရွာတွင် ပြည်သူ့စစ်နှင့် တပ်မတော်တို့၏ ပူးပေါင်းဖမ်းဆီးခြင်းကို ခံခဲ့ရသည်။ သူသည် ဖမ်းဆီးခံရပြီးနောက် နိုင်ငံတော်ပုန်ကန်မှုဖြင့် အထူးရာဇဝတ်ရုံးအမှတ် ၆ဝ၊ ၁၉၇၂ တွင် စစ်ဆေးခြင်းခံခဲ့ရရာ ယခုစာအုပ်မှာ ထိုအမှုဖြစ်စဉ်အတွင်း တရားခံ၊ တရားလိုနှင့် သက်သေများ၏ တရားရုံးထွက်ဆိုချက်များ၊ အမှုနှင့် ပတ်သက်၍ သတင်းစာများ၏ ဖော်ပြချက်များကို စုစည်းကာ မှတ်တမ်းတင် ထုတ်ဝေထားခြင်းဖြစ်သည်။ သခင်စိုး၏ အမှုနှင့်အတူ အလံနီပါတီ မချုပ်ငြိမ်းမီ ဂိုဏ်းဂဏအကွဲအပြဲများ ဖြစ်ပေါ်ပုံ၊ ပါတီခေါင်းဆောင်များ မညီညွတ်ကြပုံ၊ စစ်ရေး နိုင်ငံရေး စည်းရုံးရေးတို့ ကျဆင်းလာပုံနှင့် အဖမ်းဆီးခံရပြီးနောက် သခင်စိုး၏ နောင်တစကားများကိုပါ ထည့်သွင်းဖော်ပြထားသည်။ ထိုအမှုတွင် သခင်စိုးသည် သေဒဏ် အပြစ်ပေးခြင်း ခံခဲ့ရသည်။ သခင်စိုးသည် သမ္မတ ဦးနေဝင်းထံ အသနားခံစာ သွင်းခဲ့သော်လည်း နိုင်ငံတော်ကောင်စီက ပယ်ချခဲ့သည်။ ထို့နောက် ၁၉၈ဝ တွင် နောက်တစ်ကြိမ် အယူခံလွှာတင်ရာ ဦးနေဝင်း၏ အမိန့်ဖြင့် ၁၉၈ဝ ခုနှစ်တွင် လွတ်ငြိမ်းချမ်းသာခွင့်ကို ရရှိခဲ့သည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|