|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Top 10 Most Visited of This Week
Book Details
|
|
- Description: မုံရွာမြို့ အရှေ့လယ်တီတိုက် ပဓာနနာယကဆရာတော်ဖြစ်သူ ဆရာတော်က ဤကျမ်းစာအုပ်တွင် ဘက်စုံဗဟုသုတများ တစ်အုပ်တည်း တစ်နေရာတည်းတွင် ဖတ်ရှုကိုးကားနိုင်အောင် အားထုတ်ရေးသားပြုစုထားသည်။ ကျမ်းအမည် “မဟာသုတဒီပနီ”၏ အဓိပ္ပာယ်မှာ (မဟာ ကောင်းမြတ်ကုန်သော + သုတ ကြားနာမှတ်သားဖွယ် ဗုဒ္ဓ ဓမ္မ သံဃာ အကြောင်းအရာတို့ကို + ဒီပနီ ယေဘူယျအားဖြင့် ပြဆိုရာဖြစ်သောကျမ်း)ဟု ဆိုလိုသည်။ စာအုပ်ပါ အကြောင်းအရာတို့မှာ ကျမ်းပြုဆရာတော် တွေ့ထိထားသမျှ သုတရသစုံများ၊ ကြည့်သမျှ ကျမ်းစာဗဟုသုတများ၊ ဆွေးနွေးမေးမြန်း၍ရသော ဗဟုသုတများ၊ စကားဝိုင်းများ၌ ပြန်လှန်ပြောဆို၍ ရရှိသော ဗဟုသုတများကို စုပေါင်း၍ တင်ပြထားခြင်းဖြစ်သည်။ အဘိဓမ္မာ (၇) ကျမ်း မှတ်ဖွယ်၊ အသုဘရှုရာ၌ အသုဘ (၁ဝ)ပါးနှင့် သင့်လျှော်သော ပုဂ္ဂိုလ်များ၊ ကမ္မဋ္ဌာန်းဆရာ အဆက်ဆက် အရိယာနှင့် ဗဟုသုတကြွယ်သော ပုထုဇဉ်ဆရာတို့ ထူးခြားချက်၊ ၃၁ ကောဋ္ဌာသ ကာယနုပဿနာ ကမ္မဋ္ဌာန်း ရှုမှတ်ပွားများပုံ၊ ငရဲကြီး ၈ ထပ်တည်နေရာ ခြားနားဟန်၊ ဆွေမျိုး ၄ မျိုး၊ ဆယ်နှစ်လရာသီ ရှောင်ရန်မှတ်ဖွယ်၊ ပဋ္ဌာန်း၏ အဓိပ္ပာယ်၊ ဗုဒ္ဓဟူသော ပုဒ်၏ အနက်အဓိပ္ပာယ်၊ ရှေးမြန်မာမင်းများ ပထမပြန်ဆု ချီးမြှင့်ပုံ၊ သီလ၏ မဟာဂုဏ်ထူးများ အပါအဝင် အကြောင်းအရာပေါင်း၊ အမေးအဖြေပေါင်း ၃၄ဝ ကျော်ပါရှိသည်။ ကျမ်းပြုဆရာတော်သည် ဤစာအုပ် ၃ တွဲဖြင့် ၂ဝဝ၁ ခုနှစ်၊ ဗုဒ္ဓစာပေ ပထမဆုကို ဆွတ်ခူးနိုင်ခဲ့သည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|