|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Latest 10 Editor's Choices
Book Details
|
|
- Description: ကမ္ဘာ့သမိုင်းကြောင်းတစ်လျှောက်တွင် အာဇာနည်အဖြစ် သတ်မှတ်ဂုဏ်ပြုခြင်းခံခဲ့ရသည့် အမျိုးသမီး စွမ်းဆောင်ရှင် ၁ဝ ဦးအကြောင်းကို ဤစာအုပ်တွင် ဖတ်ရှုလေ့လာကြရမည်ဖြစ်သည်။ လှိုင်းလေကြမ်းတမ်းသော ပင်လယ်ပြင်ဝယ် ကျောက်ဆောင်ပေါ်၌ သောင်တင်နေသည့် လူများကို အသက်စွန့်ကာ သွားရောက်ကယ်တင်ခဲ့သူ ဂရေစီ၊ အရွယ်နှင့် မလိုက်အောင် သတ္တိ ဗျတ္တိရှိပြီး ဉာဏ်အမြော်အမြင်ကြီးမားသည့် အဂ္ဂနီ၊ ရိုင်းစိုင်းသည့် လူရိုင်းများကို မိခင်ရင်းနှင့်မခြား သနားကြင်နာခြင်းဖြင့် သူတို့၏ ချစ်ခင်ယုံကြည်မှုကို ရရှိခဲ့သူ မေရီ၊ ထောင်ကျ အကျဉ်းသားများ၏ လိုအပ်နေသော အကူအညီများကိုပေးခြင်းဖြင့် သူတို့၏ စိတ်ကို အသစ်ပြုပြင်ဖန်တီးခဲ့သလို ထောင်ဥပဒေကိုလည်း ကောင်းမွန်တိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့သူ အဲလီဇဘက်၊ ဇာဘုရင်၏ အမျက်တော်ရှ အပြစ်ပေးခြင်းကို ခံနေရသည့် ဖခင်ဖြစ်သူ အပြစ်မှ လွတ်စေရန် ဇာဘုရင်ရှေ့သို့ ရဲဝင့်စွာ သွားရောက်တောင်းပန်ခဲ့သည့် ပရစကိုဗိယ၊ သေနတ်ဖြင့် ပစ်သတ် စီရင်ခြင်း ခံရချိန်အထိ ကြောက်ရွံ့ခြင်း အလျဉ်းမရှိဘဲ ရဲစွမ်းသတ္တိကို ဖော်ထုတ်ခဲ့သည့် မစ္စတာဂဟန်အပါအဝင် အားကျ လေးစာ အတုယူဖွယ် အမျိုးသမီး အာဇာနည်များ၏ ဖြစ်ရပ်မှန်ဇာတ်လမ်းများ ပါရှိသည်။
|
|
|
|
|
|
|
|
|