|
|
Myanmar Books
Publishers
|
|
|
|
More ...
|
Top 10 Most Visited of This Week
Book Details
|
|
- Description: Hahvish Rukhsana Khanရေးသားသည့် My Guantanamo Diary စာအုပ်ကို ဘာသာပြန်ဆိုထားခြင်းဖြစ်သည်။ မူရင်းစာရေးသူသည် အာဖဂန်နစ္စတန်မှ အမေရိကန်ပြည်ထောင်စုသို့ ပြောင်းရွေ့အခြေချခဲ့သည့် မိဘနှစ်ပါးမှ မွေးဖွားလာသူဖြစ်ပြီး Wall Street Journal, New York Times, The Washinton Postနှင့် အခြား မီဒီယာများတွင် သတင်းစာဆရာတစ်ဦးအဖြစ် ပါဝင်ရေးသားနေသူ ဖြစ်သည်။ သူသည် မီယာမီ တက္ကသိုလ်၌ ဥပဒေဘွဲ့ ရယူရန် ကျောင်းတက်နေစဉ် ဂွမ်တာနာမိုပင်လယ်အော်ရှိ အကျဉ်းထောင်၌ အကျဉ်းသားများအား တရားမဝင် ထိန်းသိမ်းထားမှုကို ကြားသိခဲ့ရာမှ အကျဉ်းသားများဘက်မှ ပါဝင်ကူညီရန် ဆုံးဖြတ်ခဲ့သူဖြစ်သည်။ သူသည် ပက်ရှတိုဘာသာကို ကျွမ်းကျင်စွာပြောဆိုတတ်သလို အာဖဂန်လူမျိုးတို့၏ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံကို နားလည်သူဖြစ်ခြင်းကြောင့် အမေရိကန် ကာကွယ်ရေးဌာနက သူမအား လုံခြုံစိတ်ချရမှုနှင့် ပတ်သက်၍ ထောက်လှမ်းရေးဆိုင်ရာ ခွင့်ပြုချက်ကို ထုတ်ပေးခဲ့ရာ သူမကို အာဖဂန်အကျဉ်းသားများအတွက် စကားပြန်အဖြစ် ရှေ့နေများက ငှားရမ်းအသုံးပြုခြင်း ခံခဲ့ရသည်။ သူမသည် ၂ဝဝ၆ ခုနှစ် ဇန်နဝါရီလမှစ၍ ဂွမ်တာနာမိုအကျဉ်းထောင်သို့ စတင်သွားရောက်ခဲ့ပြီး သူမအကျဉ်းစခန်းရှိ အကျဉ်းသားများတွင် အပြစ်မရှိကြောင်းကို ပြသရန်အတွက် ကိုယ်ကျိုးစွန့် ဆောင်ရွက်ချက်များစွာကို လုပ်ဆောင်ပေးနိုင်ခဲ့သည်။ ယခုစာအုပ်မှာ သူ တွေ့ဆုံခဲ့ရသည့် အကျဉ်းသားများ၏ဘဝနှင့် အကျဉ်းစခန်းအကြောင်းကို အသေးစိတ် ဖော်ထုတ် ဖွင့်ချရေးသားထားခြင်းဖြစ်သည်။ စာအုပ်ပါ အကြောင်းအရာများကို ဖတ်ရှုပြီးနောက် အမေရိကန်တို့က “အဆိုးတကာတို့၏ အဆိုးရွားဆုံးများ”ဟု ခေါ်ဝေါ်သမုတ်ထားသူ အကျဉ်းသားများ၏ ဘဝကို များစွာ စာနာထောက်ထားမိစေမည် ဖြစ်သည်။
|
|
|
|
|
မှတ်ချက်: အထက်ပါ item ရရှိနိုင်မှုသည် စုဆောင်းပြီးချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်ပါသည်။
Attention: Availability can be confirmed after item has been collected.
|
|
|
|
|